ပြည်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ လူ ၁၀၀ ဆံ့ COVID-19 Quarantine Center ထားရှိရန် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

နေပြည်တော်  ဇူလိုင်   ၅


အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease 2019( COVID-19) ရောဂါကာကွယ် နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေသည့်      ကာလ အတွင်း ကိုဗစ်-၁၉ ရောဂါ သံသယ လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာသစ်များ   ထားရှိရန် အတွက်   ယနေ့တွင်    ပဲခူးတိုင်း ဒေသကြီး ပြည်မြို့ရှိ ကွန်ပျူတာ တက္ကသိုလ်(ပြည်)၌ လူ ၁၀၀ ဆံ့ COVID-19 Quarantine Center ထားရှိရန်    တောင်ပိုင်းတိုင်း စစ်ဌာနချုပ်      ပြည်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။


ထိုသို့             ဆောင်ရွက်ရာတွင် နယ်မြေခံတပ်မတော်သားများက အဆောက်အအုံ အတွင်း၊ အပြင် သန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ ချုံနွယ်များ  ခုတ်ထွင်ရှင်းလင်း ခြင်း၊ ရေစီးရေလာ  ကောင်းမွန် စေရန်         ရေနုတ်မြောင်းများ ပြန်လည်         တူးဖော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။        

        သတင်းစဉ်