
ပြည် နိုဝင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဗိုလ်ချုပ်လမ်းရှိ သီရိ ခေတ္တရာရတနာ မြို့တော်ခန်းမနှင့် သာသနာ့ဗိမာန် တော် ဆေးထိုးစုရပ်နေရာနှစ်ခုတို့၌ ယနေ့နံနက်ပိုင်း တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ရန် ကျန်ရှိနေသေးသော ပြည်သူများအား ပထမ အကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
ယနေ့ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် ၄၀ နှစ်နှင့်အထက်ရှိ ပြည်သူများအား ဦးတည် ထိုးနှံပေးခြင်းဖြစ်ပြီး သီရိခေတ္တရာရတနာ မြို့တော် ခန်းမတွင် လူဦးရေ ၈၀၀ ကျော်နှင့် သာသနာ့ဗိမာန် တွင် လူဦးရေ ၆၀၀ ခန့် စုစုပေါင်း ပြည်သူ ၁၄၀၀ ကျော်ကို နံနက်ပိုင်းနှင့် နေ့လယ်ပိုင်း နှစ်ပိုင်းခွဲ၍ ထိုးနှံပေးကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ပြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကို သတ်မှတ်ဦးတည်အုပ်စုအလိုက် ဆေးထိုးစုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)