
နေပြည်တော် ဧပြီ ၂၆
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အောင်မြင်ရေးအတွက် ဗဟိုသန်းခေါင်စာရင်း ကော်မရှင် စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားသို့ ဗဟိုသန်းခေါင် စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီး ဌာနအသီးသီးမှ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပြီး တိုင်းဒေသကြီး/ ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီး ချုပ်များက သက်ဆိုင်ရာဒေသ များမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးက လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ပြည်လုံး ကျွတ်အဆင့် ကောက်ယူမည် ဖြစ်ရာ အချိန်ကာလအားဖြင့် အလွန်နီးကပ်နေပြီဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများနှင့် မူဝါဒများချမှတ်ရာတွင် အရေးကြီး သည့် လူမှုစီးပွားဆိုင်ရာအချက်အလက်များရရှိနိုင်မည့် တစ်ခု တည်းသော စီမံကိန်းလုပ်ငန်း ဖြစ်ခြင်းကြောင့် အမျိုးသားတာဝန် တစ်ရပ်အနေဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း။
သန်းခေါင်စာရင်း ကောက်ယူ ရာတွင် စာရင်းစစ်၊ စာရင်းကောက် များအဖြစ် ပညာရေးဝန်ထမ်းများ က အဓိကပါဝင်မည်ဖြစ်ပြီး ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ တက္ကသိုလ် ကျောင်းသား/ကျောင်းသူများနှင့် စိတ်ပါဝင်စားသူ (Volunteers) များ ပါဝင်ဆောင်ရွက်ကြမည်ဖြစ် ပါကြောင်း၊ သန်းခေါင်စာရင်း သင်တန်းအဆင့်ဆင့်ကို လာမည့် ဩဂုတ်လနှင့် စက်တင်ဘာလတို့ တွင် ဖွင့်လှစ်သွားမည်ဖြစ်သဖြင့် စာရင်းကောက်ယူမည့် Mobile Tablet များအပါအဝင် လုပ်ငန်း အတွက် အသုံးပြုရန် လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများကို စာရင်းစစ်၊ စာရင်းကောက်များထံ အချိန်မီ ထုတ်ပေးနိုင်ရေးနှင့် အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို ကြီးကြပ်မှုကော်မတီ များအနေဖြင့် ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထားကြရန် လိုအပ် မည်ဖြစ်ပါကြောင်း၊ သန်းခေါင် စာရင်းလုပ်ငန်းနှင့် ပတ်သက်၍ စမ်းသပ်သန်းခေါင်စာရင်းမှ ရရှိ လာသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ ကိုအခြေခံ၍ ကောက်ကွက်ဖွဲ့စည်း ခြင်း၊ သန်းခေါင်စာရင်းမေးခွန်း ပုံစံ ပြင်ဆင်အတည်ပြုခြင်းတို့ကို သတ်မှတ် အချိန်ဇယားအတိုင်း အချိန်မီပြီးစီးရေးအတွက် မိမိတို့ ဝန်ကြီးဌာနမှ ဆောင်ရွက်ပြီးဖြစ်ပါ ကြောင်း။
ထို့ပြင် CAPI စနစ် ပြင်ဆင် တည်ဆောက်ခြင်း၊ စာရင်းစစ်၊ စာရင်းကောက် လက်စွဲစာစောင် များ၊ သင်တန်းလမ်းညွှန်စာစောင် များပြုစုခြင်းတို့ကိုလည်း အချိန်မီ ပြီးစီးရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ သန်းခေါင် စာရင်းကောက်ယူရေး အသေးစိတ် လုပ်ငန်း အစီအစဉ်များကို နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ် မှု ကော်မတီများမှတစ်ဆင့် ကော်မတီအဆင့်ဆင့်သို့ အချိန်နှင့် တစ်ပြေးညီ ထပ်ဆင့်ညွှန်ကြား ဆောင်ရွက်ကြရန်လည်း လိုအပ် ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် နည်းပညာ လိုအပ်ချက်များ၊ ဆိုက်ဘာလုံခြုံ ရေးနှင့် အခြားသောနယ်မြေဒေသ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို လည်း သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ယခု ပြည်လုံးကျွတ်အဆင့် သန်းခေါင် စာရင်းကောက်ယူခြင်း လုပ်ငန်း ကို နိုင်ငံတကာအကူအညီမပါရှိ ဘဲ မိမိတို့ နိုင်ငံအင်အားဖြင့် သာ ဆောင်ရွက်နေခြင်းဖြစ်သည့် အတွက် အားလုံးကအမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူကာ နိုင်ငံတော်အစိုးရ၏ မှတ်တိုင် တစ်ခု စိုက်ထူမှတ်ကျောက်တင် နိုင်ရေးအတွက် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ ရန် တိုက်တွန်းပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြော ကြားသည်။
ထို့နောက် ဗဟိုသန်းခေါင် စာရင်းကော်မရှင်အတွင်းရေးမှူး (၁) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်က ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆောင်ရွက် နေမှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းအခြေအနေ များကိုလည်းကောင်း၊ နေပြည်တော် သန်းခေါင်စာရင်း ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ တက်ရောက် လာကြသည့် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်အဖွဲ့ဝင်များ၊ ကိုယ်စား လှယ်များက သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အောင်မြင် ရေးအတွက် လုပ်ငန်းကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင် ရွက်နေမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင် ရွက်နေမှု၊ စာရင်းစစ်၊ စာရင်း ကောက်များဖွဲ့စည်းမှု၊ သင်တန်း များဖွင့်လှစ်နိုင်ရေးနှင့် ပြည်သူ အသိပညာပေးလုပ်ငန်းများ ဆောင် ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ဆွေးနွေးကြပြီး သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့်မည့် ပြည်သူလူထု အသိပညာပေး TV Spot များကို ပြသသည်။
ထို့နောက် ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် ဗဟို သန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က လိုအပ်သည်များကို ညှိနှိုင်း ဆွေးနွေးဖြည့်စွက် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်