
ပြည် ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် ပြည်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းနှင့် ဝန်ထမ်း များအား ဒေသတွင်း လုပ်ငန်းငယ်များ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်စေရန်၊ ပိုမိုထုတ်လုပ်ဖြန့်ဖြူးနိုင်စေရန်နှင့် အသက် မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်နိုင်စေရန် ယနေ့နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူးက အသေးစားစီးပွားရေးလုပ်ငန်းအဖြစ် ထုတ်ကုန်လုပ်ငန်း များ အဆင့်တိုးမြှင့် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ တွေ့ဆုံဆွေးနွေး ခြင်းဖြစ်ကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်း ဒေသကြီးဦးစီးမှူး ဦးကျော်ဇင်ထွန်းနှင့် သမဝါယဦးစီးဌာန တိုင်းဒေသ ကြီး ဦးစီးမှူး ဦးစိုးကျော်မင်းတို့က ကျေးလက်ဒေသများတွင် လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းအပြင် ထပ်မံတိုးချဲ့ ဆောင်ရွက်လိုသည့် လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်ပါက အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပို့ချဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဦးစီးမှူးနှင့်အဖွဲ့သည် ထုတ်ကုန်လုပ်ငန်း များ ဆောင်ရွက်လျက်ရှိသော ပြည်မြို့နယ် ထမ္မကောက်ကျေးရွာအုပ်စု တီတွက်ကျေးရွာတွင် ဆပ်ပြာချက်လုပ်ငန်းနှင့် အပ်ချုပ်စက်လုပ်ငန်း လုပ်ကိုင်သူများ၊ မှော်ဇာကျေးရွာအုပ်စု စျေးရပ်ကျေးရွာရှိ ဆပ်ပြာချက် လုပ်ငန်းနှင့် အာလူးကြော်လုပ်ငန်း လုပ်ကိုင်သူများနှင့် တွေ့ဆုံကာ မိသားစုဝင်ငွေ တိုးလုပ်ငန်းများဖြစ်သည့် ထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ မေးမြန်း၍ ထုတ်ကုန်လုပ်ငန်းများ အဆင့်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ပြောကြားပြီး ပေါက်ခေါင်းမြို့နယ် ဘန့်ပြင်ကျေးရွာ တွင် ဆောင်ရွက်လျက်ရှိသော ဒေါ်လာအမှတ်တံဆိပ် ကြံသကာ ထုတ်ကုန်ပစ္စည်းလုပ်ငန်းဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
သုတ