
နေပြည်တော် နိုဝင်ဘာ ၁၄
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အပြစ်မဲ့ပြည်သူများကို အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။ လက်ရှိအချိန်တွင် ပညာသင်ကြားရမည့် ကျောင်းသား ကျောင်းသူများ၏ စာသင်နှစ် နစ်နာမှုမရှိစေရန်အတွက် ကျောင်းများပြန်လည် ဖွင့်လှစ်ခြင်းအပေါ် ထိခိုက်ပျက်စီးစေလိုသော အကြမ်းဖက်သမားများက အနန္တဂိုဏ်းဝင် ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူ များအား ခြိမ်းခြောက်ခြင်းများအပြင် လုပ်ကြံသတ်ဖြတ်သည်အထိပါ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်လျက်ရှိကြသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ကူလဲအနောက်ကျေးရွာနေ ဦးကျော်မင်းစိန်(ဘ)ဦးငါးလုံးနှင့် ကူလဲအနောက်အခြေခံပညာ မူလ တန်းလွန်ကျောင်းမှ ကျောင်းဆရာ ဦးသန်းလင်း(ဘ) ဦးထွန်းရှိန်တို့ သည် ဒေသအခေါ် ကြက်ချောင်တော စားကျက်ဘက်ရှိ မြေပဲခင်းသို့ သွားရောက်စဉ် PDF အကြမ်းဖက်သမားများက တားဆီး၍ ၎င်းတို့ နှစ်ဦးအား မြေပြင်၌မှောက်ခိုင်းကာ ဦးကျော်မင်းစိန်အား တူမီး သေနတ်ဖြင့်ပစ်ခတ်ပြီး ကျောင်းဆရာ ဦးသန်းလင်းအား အကြောင်းမဲ့ တူမီးသေနတ်ဒင်ဖြင့် အကြမ်းဖက်ထုရိုက်ခဲ့ကြောင်း၊ အဆိုပါ အကြမ်း ဖက်ဖြစ်စဉ်ကြောင့့်် ဦးကျော်မင်းစိန်သည် ကျည်ထိမှန်ဒဏ်ရာဖြင့် နေရာ၌သေဆုံးသွားခဲ့ပြီး ဦးသန်းလင်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ ကြောင်း သိရှိရသည်။
အကြမ်းဖက်သမားများသည် အနာဂတ်မျိုးဆက်သစ်ကလေး သူငယ်များ၏ ပညာသင်ယူခွင့်ကို အနှောင့်အယှက်ဖြစ်စေရန်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ အသက်အန္တရာယ် ကို ထိခိုက်စေသည်အထိပါ အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက် လာကြောင်းတွေ့ရှိရသဖြင့် မိဘပြည်သူများအနေဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်၍ အကြမ်းဖက်လုပ်ရပ်များ ကို တွန်းလှန်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်သူများအား အမြန်ဆုံးဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်