ပညာရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ

 

နေပြည်တော်   ဇွန်   ၁၅


ပညာရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ 

 


ရှေးဦးစွာ    ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ ညွန့်ဖေ က ကံ့ကော်ပင်ကို   ဦးဆောင်စိုက်ပျိုးသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်ဝင်းက မဟော်ဂနီ ပင်ကို စိုက်ပျိုးပြီး  သက်ဆိုင်ရာ အမြဲတမ်းအတွင်းဝန် နှင့်    ညွှန်ကြားရေးမှူးချုပ်များ၊    ဒုတိယအမြဲတမ်း အတွင်းဝန်များ၊   ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူး၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊      ကျောင်းအုပ်ကြီးများ၊ ဆရာ  ဆရာမများ၊  ကျောင်းသား ကျောင်းသူများက သတ်မှတ်ထားသည့် အပင်များကို အတူတကွ စုပေါင်း စိုက်ပျိုးကြသည်။

 


ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သစ်ပင်စိုက်ပျိုးနေကြသည့် ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

 


ယနေ့ ကျင်းပသော ၂၀၂၂  ခုနှစ် ပညာရေးဝန်ကြီး ဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင်  ကံ့ကော်ပင်၊ မဟော်ဂနီပင်၊ ရတနာတန်းဝင်ကျွန်းရွှေဝါ၊ ယင်းမာပင်၊ ပိတောက်ပင်၊ ငုရွှေဝါ၊ ငုစပ်  စသည့် ရတနာတန်းဝင် သစ်ပင်များနှင့်  အရိပ်ရသစ်ပင် စုစုပေါင်း ၃၀၀ ကျော် ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။    

သတင်းစဉ်