ပညာရေးလုပ်ငန်းများထိရောက်အောင်မြင်မှုရှိစေရန် ပညာရေးမိသားစုများ အချင်းချင်းစည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြစေလို

 

နေပြည်တော်    မတ်   ၂


ပညာရေးဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း သည်  တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက  ကလောမြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းရှိ   တေဇခန်းမ၌ ကျင်းပသည့်     ကလောမြို့ပေါ် ရှိ   အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊    ဆရာ ဆရာမများနှင့်      တွေ့ဆုံပွဲသို့ တက်ရောက်သည်။

 


တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီး က မိမိတို့၏ လုပ်ငန်းတာဝန်များ ကို ဆောင်ရွက်ရာတွင် တာဝန်ယူ မှု၊   တာဝန်ခံမှုဖြင့်   တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ကြစေလို ကြောင်း၊ ဆရာ ဆရာမများအနေ ဖြင့်      ပညာရေးလုပ်ငန်းများ ထိရောက်အောင်မြင်မှု   ရှိစေရန် ပညာရေးမိသားစုများအချင်းချင်း အပြန်အလှန်    လေးစားမှုဖြင့် စည်းလုံးညီညွတ်စွာ     လက်တွဲ ဆောင်ရွက်   ကြစေလိုကြောင်း ပြောကြားသည်။ 

 


ဆက်လက်၍  ဒုတိယဝန်ကြီး နှင့်အဖွဲ့သည်    ကလောမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (အင်းပြင်)  အခြေခံ   စာတတ် မြောက်ရေး    စာသင်ဝိုင်းသို့ သွားရောက်၍    စာတတ်မြောက် ရေး သင်ကြားသင်ယူနေမှုများကို ကြည့်ရှုအားပေးကာ  စာသင်သား များနှင့် နည်းပြများကို စာတတ် မြောက်ရေး ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

 


ယင်းနောက် ဒုတိယဝန်ကြီး သည်   တာဝန်ရှိသူများနှင့်အတူ မွန်းလွဲပိုင်းတွင်  တောင်ကြီးမြို့ နယ် အေးသာယာမြို့ရှိ  အထက (၁) အေးသာယာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ကျောင်းဆောင်   ဆောက်လုပ် ပြီးစီးမှုအခြေအနေကို  ကြည့်ရှု စစ်ဆေးပြီး    လိုအပ်သည်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


သတင်းစဉ်