ပန်နန်းဒင်- ငါ့ဝါ- ဂဝိုင် - ဒုံဇုံ-တဆူထု-ထလာထု-ခရောင်း-တဟွမ်ဒမ်းလမ်း အမာခံလမ်းဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဒီဇင်ဘာ    ၃

 


နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးသည် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်   နယ်စပ်ရေးရာဝန်ကြီး   ဗိုလ်မှူးကြီး အောင်ကြည်လင်းနှင့်အတူ   နိုဝင်ဘာ ၂၉ ရက်က နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မဂွေဇ-ခေါင်လန်ဖူး ၆၅ မိုင် ၄ ဖာလုံ  လမ်းဖောက်လုပ် ခြင်း လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးသည်။

 


ရှေးဦးစွာ   ဒုတိယဝန်ကြီးနှင့်   အဖွဲ့သည် ဆန်းလွတ်ချက် တောင်ထိပ် Level နှိမ့်ခြင်း ဆောင် ရွက်နေမှုကိုလည်းကောင်း၊     ဆန်းလွတ်ချက်နှင့် ရီဒမ်းကြိုးတံတားကြား  လမ်းကြောင်းအခြေအနေ များကိုလည်းကောင်းစစ်ဆေးကာ  လိုအပ်သည်များ မှာကြားသည်။

 


ဆက်လက်၍ ရီဒမ်းကြိုးတံတားသို့ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊  တံတားအထူးအဖွဲ့က ရီဒမ်းတံတားဆောက်လုပ်နေမှုနှင့်        ရှေ့ဆက် ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်း တင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လုပ်ငန်းများအောင်မြင် ချောမွေ့စွာ    ဆောင်ရွက်နိုင်ရေးအတွက်  ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပြီး လမ်းကြောင်းတစ်လျှောက် ဘဏ္ဍာ ရေးနှစ်အလိုက် ဆောင်ရွက်ပြီးစီးခဲ့မှု လုပ်ငန်းများနှင့် ဆက်လက်လုပ်ဆောင်ရမည့်    လုပ်ငန်းများကို စစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေး သည်။ 

 


ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာ ၃၀ ရက် တွင် ခေါင်လန်ဖူးမြို့ခန်းမ၌  မြို့မိ  မြို့ဖများ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍ တင်ပြချက်များ အပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ လမ်း စီမံကိန်းတွင် ပါဝင်ဆောင်ရွက်နေသည့် နယ်စပ်ရေး ရာဝန်ကြီးဌာနမှ   ဝန်ထမ်းများ၊  စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များနှင့်       ဒေသခံဌာနေလုပ်သားများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး   နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် ခေါင်လန်ဖူးမြို့ တွင်းလမ်း၊ မြို့ရေပေးရေး၊    မြို့နယ်ပြည်သူ့ဆေးရုံ နှင့်   မြို့မဈေးဆောင်ရွက်နေမှုများကို     ကြည့်ရှု စစ်ဆေးသည်။

 


ဆက်လက်၍       ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာ ၁ ရက်တွင်  ပန်နန်းဒင်သို့  ရောက်ရှိခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံအားပေးစကားများ ပြောကြားသည်။ 

 


ယင်းနောက်   ပန်နန်းဒင်- ငါ့ဝါ- ဂဝိုင် - ဒုံဇုံ-တဆူထု-ထလာထု-ခရောင်း-တဟွမ်ဒမ်းလမ်း ၆၃ မိုင် အနက် ၁၅ မိုင် အမာခံလမ်း ဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး  လုပ်ငန်းများစံချိန်စံညွန်းမီမီ ဖြင့် အချိန်မီပြီးစီးရေးဆောင်ရွက်ကြရန် မှာကြားခဲ့ ကြောင်း သိရသည်။  

သတင်းစဉ်