ပြန်လည်သက်ဝင်လှုပ်ရှားလာခဲ့တဲ့ ထင်းရှူးမြို့တော်

 

ယဉ်လာဒ်
 

ပြည်တွင်း  ပြည်ပ ခရီးသွားတွေများစွာ စိတ်ဝင်စားစွာ လာရောက်လည်ပတ်ကြတဲ့   ထင်းရှူးမြို့တော်  တစ်နည်းအားဖြင့်  Trekking မြို့တော် ကလောမြို့က ယခုလို ပွင့်လင်းရာသီမှာ  ပြန်လည် သက်ဝင်လှုပ်ရှားလာနေခဲ့ပါပြီ။ ကလောမြို့ရဲ့ပတ်ဝန်းကျင် တောတောင်သဘာဝရှုခင်းလေးတွေဟာ  လှပလွန်းပြီး ထင်းရှူးရနံ့တွေနဲ့    အေးမြတဲ့ တောင်ပေါ်မြို့လေးမို့   ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်တွေနဲ့ ခရီးသွား လည်ပတ်နေသူတွေရဲ့ကြားမှာ စိတ်ဝင်စားခြင်းခံရတဲ့မြို့တော် ဖြစ်လာခဲ့ပါတယ်။ 
ကလောမြို့တော်လို့ဆိုလိုက်တာနဲ့ Kalaw Trekking အကြောင်းကို လည်း   မေ့ထားလို့မရပါဘူး။   Trekking  ဆိုတာ  လမ်းလျှောက်ရုံ၊ တောင်တက်ရုံ သက်သက်လည်း မဟုတ်ပါဘူး။ ဘဝမှာ မမြင်ဖူးတာတွေ သွားကြည့်မယ်။ မစားဖူးတာတွေကို စားကြမယ်။ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့တွေကို  လေ့လာကြမယ်။ အပန်းလည်းဖြေရင်းနဲ့ ကျန်းမာရေး ကို တစ်ပြိုင်နက်တည်း အတူယှဉ်တွဲထားတဲ့ ခရီးသွားခြင်းမျိုးဖြစ်ပါ တယ်။
 ကလောကနေ တိုင်းရင်းသားတွေ နေထိုင်ကြတဲ့ ကျေးရွာတွေကို သွားရောက်လည်ပတ်ကြတဲ့ Trekking လမ်းကြောင်းများစွာရှိပါတယ်။ တစ်ယောက်နဲ့         တစ်ယောက် Trekking လမ်းကြောင်းရှာဖွေခြင်း ကလည်း  မတူညီပါဘူး။ ကလော ကနေ  တိုင်းရင်းသားကျေးရွာတွေ ကို     သွားတဲ့    Trekking     လမ်း ကြောင်း    ၁၁   ကြောင်း  ဝန်းကျင် ခန့် ရှိပါတယ်။ 
ကလောမြို့ကို   ရောက်ပြီဆို ရင်    ကလောမြို့ရဲ့   အထင်ကရ လည်ပတ်စရာတွေ     များစွာရှိပါ တယ်။   အဲဒီထဲကမှ   ရှန်ဘာလာ view Point ၊ City View ၊ သိမ် တောင်၊  Hill top Villa ၊  မနောလှ၊  Kalaw View  point ၊  Kalaw Cafeyard၊    အိုးစည်တောင်၊ ဗျိုက်တောင်၊   ပင်းတယ၊   ရွာငံ အသွားလမ်း၊    မြင်းမူကုန်းနဲ့  အလွမ်းတောင်စတဲ့        နေရာတွေ ကတော့  ပြည်တွင်း  ခရီးသွား ဧည့်သည်တွေရဲ့  မျက်စိကျစရာနေရာတွေဖြစ်ပြီး သွားလာရအတော် လေး အဆင်ပြေပါတယ်။
“အများအားဖြင့် နှစ်ယောက်တွဲနဲ့ အုပ်စုလိုက် Trekking လျှောက်ကြ တဲ့သူတွေ များကြပါတယ်။ ကလောမှာ လမ်းလျှောက်ပြီး သွားရတဲ့ ရသခံစားမှုကတော့ ခရီးသွားတွေရဲ့စိတ်ထဲမှာ ကျေနပ်နေဆဲရှိနေသေးပါ တယ်” ဟု  ကလောအခြေစိုက်   Trekking   ဝန်ဆောင်မှုပေးနေတဲ့ ဒေသခံဧည့်လမ်းညွှန်က စာရေးသူကို ပြောပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ နှစ်စပိုင်းဖြစ်တဲ့ တစ်လပိုင်းကနေ လေးလပိုင်းအထိ တော့  ပြည်တွင်းမှာ  နေထိုင်ကြတဲ့   နိုင်ငံခြားသားတချို့  ကလောမှာ Trekking   လျှောက်ခဲ့ကြတယ်လို့    ဝန်ဆောင်မှုပေးခဲ့တဲ့   ဒေသခံ ဧည့်လမ်းညွှန်က ပြောပါတယ်။ 
အများအားဖြင့် ကလောမှာ Trekking လျှောက်ကြတာက ခရီးတို အချိန်အားဖြင့်  သုံးနာရီဝန်းကျင်ခန့်သာ လမ်းလျှောက်ကြပြီး ခရီးသွား အများစုကတော့ ကားနဲ့ ညနေခင်းရှုခင်း ကြည့်လောက်သာ လည်ပတ် လေ့ရှိကြပါတယ်။ 
“ကျွန်တော်ကတော့   လူတစ်ဦးကို   ခရီးတိုဝန်ဆောင်မှုအတွက် လမ်းပြဂိုက်ကြေးအပါ သုံးသောင်းခွဲယူပါတယ်။ View point တွေရဲ့ ဝင်ကြေးကတော့  ဧည့်သည်က ကျခံရပါတယ်” ဟု ဒေသခံဧည့်လမ်းညွှန် က ပြောပါတယ်။ 
အေးစက်တဲ့လေနုအေး အထိအတွေ့များက ပြင်းရှရှ။ တောထွက် အစားအစာတွေကို စားသုံးရင်းနဲ့မတူညီတဲ့ ရိုးရာဓလေ့ထုံးထမ်းတွေကို ထဲထဲဝင်ဝင်      လေ့လာလို့ရတာကတော့    ကလောမြို့ရဲ့    Trekking လျှောက်ခြင်းပါပဲ။   ကလောမြို့ရဲ့ နာမည်ကြီး  View  Point  မှာ လှပတဲ့        တောင်တန်းတွေကို မြင်ရပြီး   View   Point    ကနေ  လှမ်းကြည့်ရင် ရွှေမင်းဖုန်းတောင်  ကို  မြင်ရတဲ့မြင်ကွင်းက     လှပပါ တယ်။    ကလော   View Point  ဟာ ကလောကို အလည်အပတ်               ရောက်လာတဲ့သူ           မှန်သမျှ   ရောက်အောင်          လာကြတဲ့ နေရာတစ်ခုဆိုရင်လည်း      မမှား ပါဘူး။ 
ဒါ့ပြင်   ကလောမြို့ရဲ့     ညနေ ဆည်းဆာအလှကို   သိမ်တောင် ပေါ် ကနေကြည့်ရတာက  အလွန် ကို   လှပလွန်းပါတယ်။   ကလော တစ်မြို့လုံးကို    အပေါ်စီးကနေ ကြည့်လို့ရတဲ့ Sightseen တစ်ခု ပါ။     ရှုပ်ထွေးလှတဲ့  မြို့ပြကနေ  ထွက်ပြေးလာပြီး          အေးချမ်းတဲ့ ကလောမြို့လေးမှာ အခုလို ခြေကျင်လျှောက်ရတာကလည်း    ဘဝမှာ   အမှတ်တရတစ်ခုဖြစ်စေ မှာပါ။
ကလောမြို့ရဲ့  သန့်ရှင်းလတ်ဆတ်တဲ့ အောက်ဆီဂျင်ကို  ထပ်ပြီး လာရောက်ခံစားဖို့ ဖိတ်ခေါ်ပါတယ်လို့ ဒေသခံဧည့်လမ်းညွှန်တစ်ဦးက ပြောပါတယ်။ လွမ်းမောဖွယ်ရာကောင်းလှတဲ့ တောင်တန်းတွေကြားက  ဒယ်အိုးပုံစံ တည်ရှိနေတဲ့ ကလောမြို့တော် တစ်နည်းအားဖြင့် Trekking မြို့တော်ကတော့ ပြည်တွင်းပြည်ပခရီးသွားတွေကြားမှာ အမြဲထင်ရှား ကျော်ကြားနေဦးမှာပါပဲ။       ။