
နေပြည်တော် ဧပြီ ၁
ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ (၂၅) နှစ် မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဘိုးဝဇီရခန်းမ၌ ကျင်းပသည်။
နှစ်ပတ်လည်နေ့ အခမ်း အနားသို့ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယ ဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အငြိမ်းစား စာတည်းမှူးချုပ်များ၊ မြန်မာနိုင်ငံသတင်း မီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ-မောင်နိုင်မိုး)၊ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးထွန်း၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် ဝန်ထမ်းများ တက်ရောက်ကြ သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာ စကားပြောကြားရာတွင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း သည် မြန်မာနိုင်ငံ၌ သက်တမ်း ရှည်ကြာပြီဖြစ်သည့် အစဉ်အလာ ရှိသော အများပြည်သူဝန်ဆောင်မှု ဌာနကြီးဖြစ်ပါကြောင်း၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက သတင်း ထုတ်ပြန်ခြင်းနှင့် သတင်းစာ ထုတ်ဝေခြင်း လုပ်ငန်းတို့ကို ဦစားပေး အကောင်အထည်ဖော် သည့် ဌာနဖြစ်ပါကြောင်း၊ သတင်းစာတစ်စောင် ထုတ်ဝေရန် ဆိုသည်မှာ လွယ်ကူသည့် အလုပ် မဟုတ်ဘဲ အခက်အခဲများ၊ စိန်ခေါ် မှုများ များစွာရှိပါကြောင်း။
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း သည် ပြန်ကြားရေးဝန်ကြီးဌာန၏ မူဝါဒနှင့်အညီ ပြည်သူများကို မှန်ကန်သည့်အသိအမြင်များ ပိုမို တိုးတက် ပေးဝေနိုင်ရန်အတွက် ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ ချမှတ်ပေးပြီး သတင်းစာသုံးစောင် ကို ပြုပြင်ပြောင်းလဲ၍ ဆောင်ရွက် ခဲ့သည်ကို တွေ့ရပါကြောင်း။
တိုးတက်အောင် ဆောင်ရွက်
မျက်မှောက်ကာလတွင် ပြန် ကြားရေးကဏ္ဍ၏ အဓိကလိုအပ် ချက်မှာ မြန်မာတစ်နိုင်ငံလုံးသာ မက တစ်ကမ္ဘာလုံးကိုပါ သတင်း မှန်များ အချိန်နှင့်တစ်ပြေးညီ ပျံ့နှံ့ စေရန်ဖြစ်ပါကြောင်း၊ သို့သော် လိုအပ်ချက်များ ရှိနေသည်ကို လည်း တွေ့ရပါကြောင်း၊ ထို့ကြောင့် အနာဂတ်ကာလတွင် Myanmar Digital News ကို ယခုထက်မက တိုးတက်လာ အောင် ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ နိုင်ငံ့တာဝန်ယူခဲ့သည့် နှစ်နှစ်တာကာလအတွင်း သတင်း နှင့် စာနယ်ဇင်းလုပ်ငန်းသည် အထူးကဏ္ဍများကိုလည်း ဆောင် ရွက်ပေးခဲ့ပါကြောင်း၊ အထူး ဆောင်းပါးအချပ်ပိုများ၊ Photo Page စာမျက်နှာများ၊ သတင်း လွှာများ ထုတ်ဝေဆောင်ရွက်ခဲ့ သည်ကို တွေ့ရပါကြောင်း။
သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းရှိ ဌာနအသီးအသီးမှ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူအကျိုးကို ဦးထိပ်ပန်ဆင် ပြီး စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည်ကို တွေ့ရ ပါကြောင်း၊ ဆက်လက်ပြီးလည်း နိုင်ငံတော်နှင့် ပြည်သူအတွက် တာဝန်ကျေပွန်အောင် ထမ်း ဆောင် သွားနိုင်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း။
ယနေ့ကာလတွင် ပြည်သူ များအား မှန်ကန်သည့် အသိပညာ ဗဟုသုတ သတင်းအချက်အလက် များ ပေးနိုင်ရေးသည် အရေးကြီး နေပါကြောင်း၊ ပြည်သူလူထု၏ အတွေးအခေါ်၊ အယူအဆနှင့် အလုပ်အကိုင်များ မှန်ကန်စေရန် အတွက် နိုင်ငံပိုင်မီဒီယာများက ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ ရှေ့ရေးအတွက် အစိုးရ၏ကြိုးပမ်း ဆောင်ရွက်ချက်များကို ပြည်သူ များ သိရှိစေရန် အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ဂုဏ်ပြုဆုများချီးမြှင့်
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ကဏ္ဍသစ်များ ဖန်တီးဖော်ပြခြင်း နှင့် အသွင်အပြင်ဆန်းသစ်ဖော်ပြနိုင်ခဲ့သည့် မြန်မာ့အလင်းသတင်း စာတိုက် ဝန်ထမ်းများ၊ ကဏ္ဍသစ် များ စဉ်ဆက်မပြတ် ထည့်သွင်း ခြင်းနှင့် ကြော်ငြာဝင်ငွေ အများ ဆုံး ရှာဖွေပေးနိုင်ခဲ့သည့် ကြေးမုံ သတင်းစာတိုက် ဝန်ထမ်းများ၊ နိုင်ငံတော်နှင့် ပြည်ထောင်စုအဆင့် သတင်းများ၊ တွေ့ဆုံမေးမြန်းခန်း များ စဉ်ဆက်မပြတ် ကြိုးပမ်းအား ထုတ်ရယူနိုင်ခဲ့သည့် မြန်မာ့ သတင်းစဉ် ဝန်ထမ်းများအတွက် အသိအမှတ်ပြု ချီးမြှင့်သည့် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့် သည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ဒစ်ဂျစ်တယ်စနစ်ဖြင့် သတင်းများ ဖြန့်ဝေနိုင်ခဲ့သည့် မြန်မာ ဒစ်ဂျစ်တယ်နယူးစ်ဌာန ဝန်ထမ်းများနှင့် သတင်းစာများ တွင် သတင်းများ ထည့်သွင်းဖော်ပြ နိုင်ရေး စီမံခန့်ခွဲမှုကောင်းမွန် သည့် ရုံးချုပ် (သတင်းဌာန) မှ ဝန်ထမ်းများအတွက် အသိအမှတ် ပြု ချီးမြှင့်သည့် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက ရုံးချုပ် (စီမံ၊ ငွေစာရင်း၊ ထုတ်လုပ် ဌာန)မှ ဝန်ထမ်းများ၊ ကိုယ်ပွား သတင်းစာတိုက် (မန္တလေး၊ မော်လမြိုင်၊ မုံရွာနှင့် စစ်တွေ)တို့မှ ဝန်ထမ်းများအတွက် အသိအမှတ် ပြု ချီးမြှင့်သည့် ဂုဏ်ပြုဆုများကို လည်းကောင်း၊ ပြည်သူ့ဝန်ထမ်း ကောင်းတံဆိပ်ရရှိကြသူ ခုနစ်ဦး အတွက် ဂုဏ်ပြုမှတ်တမ်းများ ကို လည်းကောင်း၊ ဝန်ထမ်း များအတွက် ဝတ်စုံများကို လည်းကောင်း ပေးအပ်ချီးမြှင့်ကြ သည်။
ယင်းနောက် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ လုပ်ငန်း ဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကို ပြသသည်။
ဆက်လက်၍ ကြေးမုံသတင်း စာတိုက် စာတည်းမှူးချုပ် (ငြိမ်း) သတင်းစာ ဆရာကြီး ဦးမြတ်သူ၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ-မောင်နိုင်မိုး)နှင့် အမျိုး သား စာပေဆုရ ကဗျာဆရာ ဇော်မင်းမင်းဦးတို့က မုဒိတာ စကားများ ပြောကြားကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ဧည့်သည်တော် ကြီးများက စက်ဘီးနှင့် ငွေသား ကံစမ်းမဲများ ဖောက်ပေးကြပြီး ကံစမ်းမဲပေါက်သူများကို ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အခမ်း အနားသို့ တက်ရောက်လာကြသူ များက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး နှစ်ပတ်လည် နေ့အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
သတင်းစဉ်