ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲကျင်းပ

 

နေပြည်တော်  ဇွန်  ၁၇


ပြန်ကြားရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့  မွန်းလွဲပိုင်းတွင် နေပြည်တော်  ဇေယျာသီရိမြို့နယ်  ခရေပင် လမ်းခွဲရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန  နေပြည်တော်  ပုံနှိပ်စက်ရုံ နှင့် တပ်ကုန်းမြို့ရှိ  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့၌  ကျင်းပသည့် ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနား သို့ တက်ရောက်သည်။

 


ရှေးဦးစွာ  နေပြည်တော်ပုံနှိပ်စက်ရုံသို့ ရောက်ရှိပြီး  ပြည်ထောင်စု ဝန်ကြီး   ဦးမောင်မောင်အုန်းနှင့် ဇနီး ဒေါ်ခင်ဆွေဝင်းတို့က မဟော်ဂနီ ပင်ကို စိုက်ပျိုးပေးကြသည်။ 

 


ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့် မောင်နှင့်ဇနီး၊  ဌာနဆိုင်ရာ အကြီးအကဲများက ရတနာတန်းဝင်ကျွန်းပင် များကို  စိုက်ပျိုးပေးကြပြီး   ဝန်ထမ်းများက    ပျိုးပင်ပေါက်များကို စိုက်ပျိုးပေးကြသည်။ 

 


ယင်းနောက်   ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က   ဝန်ထမ်းများ၏ သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ယနေ့တွင် နေပြည်တော်ပုံနှိပ်စက်ရုံ၌ ကျွန်းပင် ၁၀၀၊ ကံ့ကော်ပင် ၂၀၊ ကုက္ကိုပင်  ၂၀၊  မဟော်ဂနီပင် ၂၀၊ မဲဇလီပင် ၂၀ နှင့် မင်းကွတ်ပင် ၂၀ စုစုပေါင်း ပျိုးပင်ပေါက် ၂၀၀ ကို  စိုက်ပျိုးပေးခဲ့ကြကြောင်း   သိရသည်။ 

 


ဆက်လက်၍    မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့    ရောက်ရှိပြီး  ပြည်ထောင်စုဝန်ကြီးနှင့်   ဇနီးတို့က  ခရေပင်ကို   စိုက်ပျိုးပေးကြ သည်။ (ဝဲပုံ)
ထို့နောက် ဒုတိယဝန်ကြီး၊   အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊   ဌာန ဆိုင်ရာ အကြီးအကဲများ၊   မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား  ဝန်ထမ်းများ က  ပျိုးပင်ပေါင်း ၁၆၀၀ ကို  သတ်မှတ်နေရာများတွင်  စိုက်ပျိုးပေး ကြရာ    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က    လိုက်လံကြည့်ရှုအားပေးကြသည်။

 


ယင်းနောက် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို  ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က ငါးမွေးမြူရေးကန်အတွင်း သို့ ထိုင်ဝမ်ငါးခူ ငါးသားပေါက်များကို စိုက်ထည့်ပေးကြသည်။ 

 


ဆက်လက်ပြီး  ဒုတိယဝန်ကြီးနှင့်  တာဝန်ရှိသူများ၊ ဝန်ထမ်းများက ငါးမွေးမြူရေးကန်အတွင်းသို့ ငါးသားပေါက်အကောင်ရေ   ၅၀၀၀  ကို  စိုက်ထည့်ကြသည်။

 


ယင်းနောက်  ပြည်ထောင်စုဝန်ကြီးက   မြန်မာ့အသံနှင့်   ရုပ်မြင် သံကြား Block C တွင်  ရေဒီယိုနှင့် ရုပ်သံလိုင်းများမှ   သတင်းတင်ဆက်သူ များ၊  ဝန်ထမ်းများအား  ရင်းရင်းနှီးနှီး တွေ့ဆုံ၍  မီဒီယာသည် အရေး ကြီးကြောင်း၊  ခေတ်ကာလအလိုက်   ပြောင်းလဲမှုများကို ဖော်ဆောင်ရ မည်ဖြစ်ကြောင်း၊   ပြည်သူများထံ    သတင်းအမှန်များ    ရောက်ရှိရန်    ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို    ကြည့်ရှုရန်၊   နားထောင်ရန်  လိုအပ်သည့် အတွက်  နုပျိုသစ်လွင်တက်ကြွသည့်  ပုံသဏ္ဌာန်ဖြင့်  တင်ဆက်မှုကို ပြောင်းလဲဖော်ဆောင်လျက်ရှိကြောင်း၊ လူငယ်ကဏ္ဍကိုလည်း ဦးစား ပေးထုတ်လွှင့်ပေးလျက်ရှိကြောင်း ပြောကြားသည်။ 

 


ထို့နောက်   မြန်မာ့အသံနှင့်    ရုပ်မြင်သံကြားရှိ ရေဒီယိုထုတ်လွှင့်မှု စတူဒီယိုများကိုလည်းကောင်း၊   5.1 Surround Sound    စတူဒီယို အခန်းကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။


သတင်းစဉ်