
နေပြည်တော် မတ် ၂၄
ပြန်ကြားရေးဝန်ကြီးဌာန အင်္ဂလိပ်ဘာသာကျွမ်းကျင် မှုအခြေခံသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက မိမိတို့ ထမ်းဆောင် နေသည့် မီဒီယာလုပ်ငန်းတွင် အကျုံးဝင်နေသည့် ဘာသာစကားများအားလုံးကို သိရှိနှံ့စပ်နေမည် ဆိုပါက လုပ်ငန်းများလုပ်ဆောင်ရာတွင် ပိုမိုအဆင် ပြေချောမွေ့မည် ဖြစ်ပါကြောင်း၊ မီဒီယာလုပ်ငန်း တွင်သာမက ရုံးလုပ်ငန်းများတွင် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပြောဆိုဆက်သွယ်ရာ၌ အင်္ဂလိပ် ဘာသာသည် နိုင်ငံတကာသုံး ဘာသာဖြစ်သည့် အတွက် အင်္ဂလိပ်ဘာသာစကား အရည်အသွေး ကောင်းမွန်နေရန် လိုအပ်ပါကြောင်း။
နည်းပညာခေတ်ဟူ၍ ဖွံ့ဖြိုးတိုးတက်လာသည် နှင့်အညီ သတင်းအချက်အလက်နည်းပညာများ သည်လည်း အချိန်နှင့်အမျှပြောင်းလဲတိုးတက်နေပါ ကြောင်း၊ အင်္ဂလိပ်ဘာသာအပြင် ကွန်ပျူတာ၊ ဒစ်ဂျစ် တယ်နည်းပညာတို့တွင် အင်္ဂလိပ်ဘာသာ အခြေခံ ကျွမ်းကျင်ရန် လိုအပ်ပါကြောင်း၊ သင်တန်းသားများ အနေဖြင့် အင်္ဂလိပ်စာကျွမ်းကျင်မှု အခြေခံသင်တန်း မှ သင်ကြားပေးလိုက်သည့် အသိပညာများကို လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်ရေး ဆက်လက် လေ့လာ ကြိုးပမ်းဆောင်ရွက်သွားကြစေလိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ပညာရေး ဝန်ကြီးဌာနမှ သင်တန်းနည်းပြဆရာမ ဒေါ်စောလှ နန္ဒာအား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ် ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဌာနများ မှ ဝန်ထမ်းများ အင်္ဂလိပ်စာအရည်အသွေးကောင်းမွန် စေရေးအတွက် ရည်ရွယ်၍ ပထမအကြိမ် သင်တန်း ကို ၂၀၂၁ ခုနှစ် ဧပြီ ၂၇ ရက်မှ ဇွန် ၂၂ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး ယခု ဒုတိယအကြိမ်အဖြစ် သင်တန်း သား သင်တန်းသူ ၃၉ ဦးဖြင့် မတ် ၆ ရက်မှ ၂၄ ရက် အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်