ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသားများ နေပြည်တော် MRTV ၌ ကြည့်ရှုလေ့လာ

နေပြည်တော် စက်တင်ဘာ ၁၀ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဖွင့်လှစ်လျက်ရှိသော ဓာတ်ပုံရိုက်ကူး တည်းဖြတ်နည်း သင်တန်းမှ သင်တန်းသား ၂၀ သည် ယနေ့နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားတွင် ရုပ်သံထုတ်လွှင့်မှု ဆိုင်ရာများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်၌ ကြည့်ရှုလေ့လာ ကြသည်။ အဆိုပါ လေ့လာရေးအဖွဲ့ သည် မြန်မာ့အသံနှင့်ရုပ်မြင် သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ် အဆက်ဆက် ရုပ်သံထုတ်လွှင့်မှု များတွင် အသုံးပြုခဲ့သည့် စက် ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့် ရေး မော်တော်ယာဉ်များ၊ သတင်း တင်ဆက်မှု ပုံစံငယ်များ၊ ခေတ် အဆက်ဆက် ထုတ်လွှင့်တင်ဆက် ခဲ့သည့် အစီအစဉ်များတွင် ပါဝင် ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်း ဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယို အစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်း ဓာတ်ပြားများနှင့် အခြားအသုံးအဆောင် ပစ္စည်းများ စသည့် စုစုပေါင်း ပြခန်း ၄၀ တွင် ခင်းကျင်း ပြသထားမှုများအပြင် ပင်မ အဆောက်အအုံအတွင်း ရုပ်သံထုတ်လွှင့်မှု လုပ်ငန်းများ ကို လှည့်လည်ကြည့်ရှုလေ့လာ ကြရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားသည်။ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက စက်တင် ဘာ ၆ ရက်မှ ၁၆ ရက်အထိ ဖွင့်လှစ် လျက်ရှိသော ဓာတ်ပုံရိုက်ကူး တည်းဖြတ်နည်း သင်တန်း (၁/၂၀၂၂)သို့ သင်တန်းသား ၂၀ တက်ရောက်လျက်ရှိပြီး သက်ဆိုင် ရာ ဒေသအသီးသီးသို့ ပြန်လည် မထွက်ခွာမီ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ လာရောက် လေ့လာခြင်းဖြစ်ကြောင်း သိရသည်။ သတင်းစဉ်