ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်  ဇွန်   ၈ 


မန္တလေးတိုင်းဒေသကြီး    ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 


ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇွန် ၄ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသ ကြီး ပြင်ဦးလွင်မြို့နယ် ပွဲကောက်ကျေးရွာအနီးတွင် မျိုးမင်းထိုက်  (ခ)  မျိုးထိုက် မောင်းနှင်လာသော ခြောက်ဘီးမော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလ  တန်ဖိုးငွေကျပ် ၁ ဒသမ ၄ ဘီလီယံ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၂ ဒသမ ၂၁ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၇ ဒသမ ၃၈ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ် ဆေးဝါးများအား   ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့   သယ်ဆောင်ခြင်းဖြစ် ကြောင်းသိရှိရသဖြင့် ၎င်းအားဥပဒေအရ အရေးယူ ထားရှိပြီး    ကွင်းဆက်ပြစ်မှု  ကျူးလွန်သူများအား ဆက်လက်စစ်ဆေး      ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်