
နေပြည်တော် ဖေဖော်ဝါရီ ၇
ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ် ဘီလီယံ ၃၀ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)များ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
သိမ်းဆည်းရမိ
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၄ ရက် ညနေ ၅ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် မိုးကုတ်-ပြင်ဦးလွင် သွားကားလမ်း ညောင်ကုန်းစစ်ဆေးရေး စခန်းတွင် မိုးကုတ်မှ ပြင်ဦးလွင်သို့ အောင်အောင် (ခ)ရွှေတော(၃၁)နှစ် မောင်းနှင် ပြီး အေးမင်းအောင်(ခ) ဆန္ဒ(၃၄)နှစ်နှင့် ကျော်မင်း(ခ) မင်းမင်း(၃၂)နှစ်တို့ လိုက်ပါ လာသည့် ခြောက်ဘီးယာဉ်ကို သတင်း အရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ဘီလီယံ ၃၀ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက် တမင်း) ၁ ဒသမ ၅ တန် သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်းဆက်အရ ည ၉ နာရီခွဲတွင် ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာ ပူးပေါင်း စစ်ဆေးရေးစခန်းတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မိုးမိုးအောင် (၃၁)နှစ်အား မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း စစ်ဆေး ဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ကရင်ပြည်နယ် မြန်မာ-ထိုင်း နယ်စပ်သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့လေးဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်