ပြင်ဦးလွင်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆီးချို၊ သွေးချိုရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆီးချို၊ သွေးချိုရောဂါ အသိပညာပေးခြင်းနှင့် အခမဲ့စစ်ဆေးဆောင်ရွက်ပေးလျက်ရှိ

 

ပြင်ဦးလွင်  နိုဝင်ဘာ ၁၅   


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် ကျရောက်သည့်    ကမ္ဘာ့ဆီးချို၊ သွေးချိုရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ်  ပြင်ဦးလွင် မြို့နယ် ရေငယ်ဘိုးဘွားရိပ်သာ၊ ကျေးလက်ကျန်းမာရေးဌာန /  ခွဲ များနှင့်   စိုးမိုးအိုင်ကျေးလက် ကျန်းမာရေးဌာနခွဲနှင့် ရွာမကျေးရွာ  တို့တွင် နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်း  မှစတင်၍ ပြည်သူများအား ဆီးချို၊ သွေးချိုရောဂါ        အခမဲ့စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိသည်။ 


၂၀၂၃   ခုနှစ်   ကမ္ဘာ့ဆီးချို၊ သွေးချိုရောဂါ  (know your rick know your response)ဆီးချို၊ သွေးချိုအန္တရာယ်       ကာကွယ်ဖို့ ကိုယ်တိုင်သိရှိ  ဆင်ခြင်စို့ အထိမ်း အမှတ်နေ့အဖြစ် ပြင်ဦးလွင်မြို့နယ် ပြည်သူ့ကျန်းမာရေး  ဦးစီးဌာနမှ မကူးစက်နိုင်သောရောဂါ  ကုသ ပေးသည့်ဆေးခန်းများ  ဖွင့်လှစ်၍    ဆီးချို၊ သွေးချိုရောဂါ အခမဲ့စစ်ဆေး စမ်းသပ်ပေးခြင်း၊ ဆေးဝါးများပံ့ပိုး ပေးခြင်းနှင့်   ဆီးချို၊   သွေးချို ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး အသိပညာပေးခြင်းတို့ကို  ဆောင် ရွက်ပေးလျက်ရှိသည်။  


၂၀၂၃    ခုနှစ်       ကမ္ဘာ့ဆီးချို၊  သွေးချိုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် ပြင်ဦးလွင်မြို့နယ်အတွင်း  ပြည်သူ့ကျန်းမာရေးဆေးခန်းနှင့် ကျေးလက်ကျန်းမာရေး ဆေးခန်း တို့၌   အခမဲ့စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း   တာဝန်ရှိသူ  တစ်ဦးထံမှ  သိရသည်။      

   
ခရိုင်(ပြန်/ဆက်)