ပြင်ဦးလွင်မြို့နယ် ဆင်ဖြူအင်းကျေးရွာ၌ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  မတ်   ၂


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ်     ဆင်ဖြူအင်းကျေးရွာ နှင့်     ပတ်ဝန်းကျင်ကျေးရွာများရှိ  ဒေသခံပြည်သူများကို     အဆိုပါ ကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်း၌  ယနေ့တွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်     နယ်မြေခံ ဆေးကုသရေးအဖွဲ့က     ကျန်းမာ ရေးစောင့်ရှောက်မှု  လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

 


တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေးအဖွဲ့များက  ဒေသခံ ပြည်သူ ၁၈၆ ဦးတို့ကို    သွေးတိုး ရောဂါ၊  အဆစ်အမျက်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊         အသက်ရှူ လမ်းကြောင်းဆိုင်ရာ      ရောဂါ၊  မျက်စိရောဂါ၊   သွားနှင့်ခံတွင်း ရောဂါ၊   ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊   သားဖွား/မီးယပ်ရောဂါ၊  ကလေးရောဂါ၊  အထွေထွေရောဂါ တို့နှင့်  ပတ်သက်၍  လိုအပ်သည့် ဆေးဝါးကုသမှုများ  ဆောင်ရွက် ပေးသည်။

 


ညှိနှိုင်းဆောင်ရွက်


ယင်းသို့      ဆောင်ရွက်ပေး နေမှုများကို   ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများက   သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည် များ  ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။    

 
  သတင်းစဉ်