
ပြင်ဦးလွင် အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး ပြင်ဦး လွင်မြို့နယ်၌ စာဖတ်ရှိန်မြှင့် တင်ရေး အသိပညာပေးဟောပြော ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့ အထက(ခွဲ) အလက(၁) ကျောင်းရှိ နဝဒေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လက်ထောက် ညွှန်ကြားရေး မှူး ဒေါ်ငုချိုချိုကျော်က ကျောင်း သား ကျောင်းသူများအား စာပေမှ ရရှိသည့် အကျိုးကျေးဇူးများနှင့် သိကောင်းစရာများ၊ ယနေ့ခေတ် Social Media အသုံးပြုခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများ၊ အခြား ဗဟုသုတများစွာ စသည်တို့ကို ဟောပြောဆွေးနွေးခဲ့ရာ ကျောင်း သား ကျောင်းသူများက စိတ်ဝင် တစား လေ့လာမှတ်သားခဲ့ကြ သည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၂၀၂၂ ခုနှစ် ဇွန်၊ ဇူလိုင် ၊ သြဂုတ်လ များတွင် ကျင်းပသော Online ပုံပြင်ပြောပြိုင်ပွဲ၌ ပထမဆု ရရှိခဲ့ သည့် ပြင်ဦးလွင်ခရိုင် ကိုယ်စားပြု အထက(ခွဲ) အလက(၁)စတုတ္ထ တန်းမှ မမေသွယ်ရှင်းသန့်အားဆုချီးမြှင့်ခဲ့ပြီးနောက် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ကျောင်းသား ကျောင်းသူများအား ဗဟုသုတ များစွာရရှိရန် ရည်ရွယ်ပြီး နံရံကပ် စာစောင်ပြဘုတ်များနှင့် စာအုပ်၊ စာပေများကို ခင်းကျင်းပြသရာ စိတ်ဝင်တစားကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)