မန္တလေး ဇွန် ၈
ပြင်ဦးလွင်မြို့အား ချယ်ရီမြို့တော် ဖြစ်ရေး (၅) နှစ်စီမံချက် ရေးဆွဲ အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များသည် ဇွန် ၇ ရက်ညနေပိုင်းက ၂၀၂၂ ခုနှစ် မိုးရာသီတွင် ပြင်ဦးလွင်မြို့နယ်အတွင်း ချယ်ရီ ပင်များ စိုက်ပျိုးပြီးစီးမှုအခြေအနေ ကို သွားရောက် ကြည့်ရှုစစ်ဆေး သည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် မန္တလေး-လားရှိုးလမ်းမကြီး လမ်းဘေး ဝဲယာတစ်လျှောက် ချယ်ရီပင်၊ စိန်ပန်းပြာပင်များ စိုက်ပျိုးပြီးစီးမှု ကို ကြည့်ရှုစစ်ဆေးရာ ပြင်ဦးလွင် ခရိုင်သစ်တောဦးစီးမှူးက ရှင်းလင်း တင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယခုနှစ်အတွင်း သတ်မှတ်ထားသည့် အရေ အတွက်အတိုင်း ရာနှုန်းပြည့်မီ အောင်စိုက်ပျိုးရန်၊ စိုက်ပျိုးပြီး အပင်များကိုလည်း အမြဲတမ်း စစ်ဆေးပြီး တစ်ပင်လဲတစ်ပင် စိုက်စနစ်ဖြင့် အလေးထား ဆောင်ရွက်ရန်မှာကြားသည်။
၂၀၂၂ ခုနှစ် မိုးရာသီတွင် ပြင်ဦးလွင်မြို့နယ် မန္တလေး-လားရှိုးလမ်းမကြီး လမ်းဘေး ဝဲယာတစ်လျှောက်နှင့် တစ်အုပ် တစ်မစိုက်ခင်းများအဖြစ် ချယ်ရီ ပင် ၄၃၇၇၅ ပင် စိုက်ပျိုးသွားမည် ဖြစ်ရာ ၆၀ ရာခိုင်နှုန်း စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်



