ပင်းတယမြို့၌ ထူးချွန်ဆုရရှိသော ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်

 

ပင်းတယ   မတ်   ၇


နိုင်ငံတော်အဆင့် ထူးချွန်ဆုရရှိသော ကျောင်းသား ကျောင်းသူများအား      ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို   ရှမ်းပြည်နယ်  (တောင်ပိုင်း) ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ပင်းတယမြို့   အခြေခံ ပညာအထက်တန်းကျောင်း   မြတ်ရတနာခန်းမ၌ မတ် ၆ ရက်က  ကျင်းပရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ   စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအာကာလင်းက အမှာစကားပြောကြားပြီး     ထူးချွန်ဆုရရှိခဲ့သော ကျောင်းသား ကျောင်းသူများအား ဒေသစီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးသည်။

 


ထို့နောက် နိုင်ငံတော်အဆင့်လူရည်ချွန်   ရွေးချယ် ခံရသော   မောင်ဟိန်းထက်ကျော်က   ကျေးဇူးတင် စကားပြောကြားသည်။   ပင်းတယမြို့နယ်အနေဖြင့်     နိုင်ငံတော်အဆင့်ပြိုင်ပွဲတွင် အင်္ဂလိပ်စာ၊ လူရည်ချွန် ဆုနှင့်    အားကစားပြိုင်ပွဲတို့တွင်    ဆုများရရှိခဲ့ ကြောင်း သိရသည်။          

အောင်ကိုဦး (ပြန်/ဆက်)