
ပါရီ ဒီဇင်ဘာ ၇
ပြင်သစ်နိုင်ငံ၌ ဒီဇင်ဘာ ၆ ရက်မှစတင်ကာ ကိုဗစ်-၁၉ ကူးစက်မှုများပြားလာခြင်းကို ထိန်းချုပ်နိုင်ရေး အတွက် စည်းကမ်းအသစ်များ ချမှတ်ထားကြောင်း အစိုးရက ကြေညာခဲ့သည်။
ယခုသီတင်းပတ်မှစတင်ကာ လေးပတ်ကြာ နိုက်ကလပ်များ ပိတ်ထားရန်နှင့် စာသင်ကျောင်း များတွင် ပါးစပ်၊ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရန် အမိန့်ထုတ်ထားသည်။ ထို့ပြင် ကလေးများအတွက် ကာကွယ်ဆေးထိုးပေးသည့် အစီအစဉ်ကိုလည်း ပြုလုပ်ထားသည်။
ထို့ပြင် ပြည်သူများကာကွယ်ဆေးထိုးကြရန်လည်း ပြင်သစ်ဝန်ကြီးချုပ် ယာန်းကက်စ်တက် က တောင်းဆိုထားသည်။ တတိယအကြိမ် ကာကွယ် ဆေးထိုးကြရန်လည်း တိုက်တွန်းထားသည်။ ပြင်သစ်နိုင်ငံအတွင်း အသက် ၆၅ နှစ်နှင့်အထက် များကို ကြိုတင်ချိန်းဆိုထားစရာမလိုဘဲ တတိယ အကြိမ် ကာကွယ်ဆေးထိုးပေးသည်။
စာသင်ကျောင်းများတွင် စာသင်ခန်းအတွင်း အပြင် နှစ်ခုစလုံးတွင် ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင် ရမည်ဟု အမိန့်ထုတ်ထားသည်။ စာသင်ခန်းပြင်ပလှုပ်ရှားမှုများကို ကန့်သတ်ထားသည်။ ကလေးများ ကာကွယ်ဆေးထိုးရမည့် အစီအစဉ်ကိုလည်း ဒီဇင်ဘာ ၁၅ ရက်တွင် စတင်မည်ဟု သိရသည်။
ကိုဗစ်- ၁၉ ကြောင့် အထူးကြပ်မတ်ကုသဆောင် တွင် ကုသမှုခံယူနေသူ ၂၂၀၀ ရှိပြီး ဆေးရုံတက်နေရ သူ ၁၂၀၀၀ ကျော်ရှိသည်ဟု သိရသည်။ ဒီဇင်ဘာ ၅ ရက်တွင် ကိုဗစ်-၁၉ နှင့် ဆက်စပ်ပြီး ၁၉၂ ဦးရှိသည်။
ကိုဗစ် -၁၉ မျိုးကွဲအိုမီခရွန်သည် ဒယ်လ်တာ ထက်ပို၍ အန္တရာယ်ရှိသည်ဟု သက်သေပြချက်မျိုး မရှိသေးသော်လည်း ပြင်သစ်နိုင်ငံတွင် ယခုအချိန် အထိ အိုမီခရွန်ကူးစက်ခံရသူ ၂၅ ဦးရှိလာပြီဟု ကျန်းမာရေးဝန်ကြီး အိုလီဗီယာဗီယန်က ပြောသည်။
ဆင်ဟွာ