ပြင်သစ်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ နှစ်သိန်းကျော်ရှိခဲ့သည်မှာ လေးရက်ဆက်တိုက် ရှိသွားပြီဖြစ်

ပါရီ   ဇန်နဝါရီ   ၂


ပြင်သစ်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ နှစ်သိန်းကျော်ရှိခဲ့ခြင်းကြောင့် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ နှစ်သိန်းကျော်ရှိခဲ့သည်မှာ လေးရက်ဆက်တိုက်ရှိသွားပြီဖြစ်ကြောင်းနှင့် ကူးစက်ခံရသူစုစုပေါင်း ၁၀ သန်းကျော်ရှိလာကြောင်း ပြင်သစ်နိုင်ငံအစိုးရနှင့် ပြည်သူ့ကျန်းမာရေးအေဂျင်စီက ပြောကြားသည်။


ပြင်သစ်နိုင်ငံ၌  လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၁၉၁၂၆ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် အဆိုပါရောဂါကူးစက်ခံရသူစုစုပေါင်း ၁၀၁၉၁၉၂၆ ဦးရှိလာကြောင်း သိရသည်။ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများ အနက် ၁၈၈၁၁ ဦးသည် ဆေးရုံများ၌ ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး ၃၅၆၀ သည်  အထူးကြပ်မတ်ကုသ ဆောင်များ၌ ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။


ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်အရ   ဇန်နဝါရီ ၁ ရက်အထိကာလအတွင်း ပြည်သူ ၅၃ သန်းနီးပါးသည် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးတစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ယင်း အရေအတွက်သည်   နိုင်ငံလူဦးရေ၏   ၇၈  ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။


ထို့ပြင် ပြင်သစ်နိုင်ငံ၌ လူဦးရေ ၂၅ သန်းနီးပါး သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတတိယ အကြိမ်  အပိုဆောင်း  ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ 


ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်