ပြင်သစ်နိုင်ငံ၌ တစ်နေ့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၇၀၀၀၀ ကျော်ရှိလာ

ပါရီ   ဒီဇင်ဘာ  ၂၉


ပြင်သစ်နိုင်ငံ၌   ယမန်နေ့က   ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ   ၁၇၉၈၀၇ ဦး စံချိန်တင်   တွေ့ရှိခဲ့ ကြောင်း သိရသည်။ 
နိုင်ငံအတွင်း        အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုအများအပြားတွေ့ရှိရာမှတစ်ဆင့်   ယခု ကဲ့သို့ တစ်နေ့အတွင်း  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်     မြင့်တက်လာရခြင်းဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများက    သုံးသပ် ပြောကြားသည်။ ထို့ပြင် နှစ်သစ်ကူးအားလပ်ရက်များ အတွင်း  မိသားစုတွေ့ဆုံမှုများ   များပြားလာခြင်းက လည်း    ရောဂါကူးစက်ရန်    အခွင့်အလမ်းပေးနေ သကဲ့သို့ဖြစ်နေကြောင်း       ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားသည်။ 


ထို့ပြင်  အများပြည်သူဆိုင်ရာ   နေရာများသို့ ဝင်ထွက်သွားလာရာတွင်         ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်းလက်မှတ် ပြသရ မည့်ဥပဒေတစ်ရပ်ကို  မကြာမီ  အတည်ပြုပြဋ္ဌာန်း နိုင်ရန် ပြင်သစ်အစိုးရက ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင်လုပ်သားများအား     သီတင်းတစ်ပတ်လျှင် သုံးရက် မိမိနေအိမ်မှအလုပ်လုပ်ခွင့်ပြုမည့်အစီအစဉ် ကိုလည်း   ခွင့်ပြုသွားမည်ဖြစ်ကြောင်း    ပြင်သစ် အစိုးရကပြောကြားသည်။       လက်ရှိအချိန်တွင် ပြင်သစ်အစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းမျဉ်းများကို      တင်းကျပ်စွာချမှတ် ထားကြောင်း သိရသည်။ 


ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ