ပြင်သစ်နိုင်ငံ၌ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်းကို မကြာမီ အဆုံးသတ်တော့မည်

 

ပါရီ  ဖေဖော်ဝါရီ  ၁၁ 


ပြင်သစ်ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းများက    ပြည်သူများကို     မိုးလုံလေလုံအဆောက်အအုံများအတွင်း ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်းကို   ဖေဖော်ဝါရီ ၂၈ ရက်မှစကာ    ပြီးဆုံးစေတော့မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက   ဖေဖော်ဝါရီ ၁၁ ရက်က  ဖော်ပြလိုက်သည်။  ပြင်သစ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ ကျန်းမာရေးအခြေအနေများ တိုးတက်လာခဲ့သည်။ 

 


အဆိုပါစည်းမျဉ်းများသည် အများပြည်သူဆိုင်ရာနေရာများဖြစ်သည့်   ဘားများ၊  စားသောက်ဆိုင်များ၊ အားကစားနှင့်   အားလပ်ချိန်လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်ရာနေရာများတွင် သက်ရောက်မှုရှိမည် ဖြစ်သည်။   အဆိုပါနေရာများတွင် အထဲသို့ဝင်ရောက်နိုင်ရန် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားကြောင်း အထောက်အထားပြသရန်လိုအပ်သည်။

 


သို့သော်လည်း  ပြင်သစ်ပြည်သူများသည် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် ပါးစပ် နှာခေါင်းစည်းများကို  ဆက်လက်တပ်ဆင်ထားစေသည်။ ဧပြီလတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ နီးကပ်လာခြင်းနှင့်အတူ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားခြင်းအပေါ်  ထိန်းချုပ်ကန့်သတ်ချက်များနှင့် ပတ်သက်ပြီး ပြည်သူများကြား မကျေနပ်မှုများဖြစ်ပေါ်လျက်ရှိသည်။                   

အေအက်ဖ်ပီ