ပြင်သစ်အိုးပင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ အီတလီတင်းနစ်မယ် ပါအိုလီနီ တက်လှမ်း

 

ပြင်သစ်အိုးပင်းပြိုင်ပွဲ၏ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ကွာတားဖိုင်နယ် တွင်    အီတလီတင်းနစ်မယ်   ဂျက်စမင်းပါအိုလီနီ   (ယာပုံ)   သည်    နာမည်ကြီး   ကာဇက်စတန်တင်းနစ်မယ်   ရွိုင်ဘာကီနာကို  အနိုင်ယူ ကျော်ဖြတ်ကာ      ဂရင်းဆလမ်းဆီမီးဖိုင်နယ်သို့    ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ 
အဆိုပါ ပွဲစဉ်တွင် ပါအိုလီနီသည် ပြိုင်ဘက်ရွိုင်ဘာကီနာကို ၆-၂၊ ၄-၆၊ ၆-၄ ဖြင့် နိုင်ပွဲရရှိကာ နောက်တစ်ဆင့်သို့ ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ခဲ့သည်။ ၎င်းသည် ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ တတိယ အဆင့်နှင့်  စတုတ္ထအဆင့်တွင်လည်း    နာမည်ကြီးတင်းနစ်မယ်များ ဖြစ်သည့် ဘိုင်အန်ကာ အန်ဒရက်စကူနှင့် အီလီနာတို့ကို ကျော်ဖြတ်ထား နိုင်သူဖြစ်သည်။ 
ပါအိုလီနီသည် ပြင်သစ်အိုးပင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ရုရှားတင်းနစ်မယ် မီရာ အန်ဒရက်စကူနှင့် ယှဉ် ပြိုင်ရမည် ဖြစ်သည်။ ရုရှားတင်းနစ်မယ် မီရာ အန်ဒရက်စကူသည် အဆိုပါ ပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ဘယ်လာ ရုစ်တင်းနစ်မယ် စဘယ်လင်ကာကို ၆-၇ (၅-၇)၊ ၆-၄၊ ၆-၄ ဖြင့် နိုင်ပွဲရရှိကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။ 
    ပြင်သစ်အိုးပင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ ပါအိုလီနီအပြင် နာမည်ကြီး ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်နှင့် အမေရိကန်တင်းနစ်မယ် ကိုကိုဂါ့ဖ်တို့လည်း တက်လှမ်းနိုင်ခဲ့သည်။                                                အောင်ဇော်