ပြင်သစ်၊ ဂျာမနီနှင့် အီတလီနိုင်ငံတို့တွင် ကိုဗစ် -၁၉ ကြောင့် သီးခြားထား ကန့်သတ်ထားသည့် အချိန်ကိုလျှော့ချ

 

ပါရီ  ဇန်နဝါရီ   ၁၄


ပြင်သစ်၊ ဂျာမနီနှင့် အီတလီနိုင်ငံတို့တွင် ကိုဗစ် - ၁၉ ကူးစက်ခံရသူ နှင့် ကိုဗစ် -၁၉ကူးစက်ထားသူနှင့်ထိတွေ့မှုရှိသူများအား   သီးခြားထားကန့်သတ်ထား သည့်ကာလကို  လျှော့ချခဲ့ကြောင်း သိရသည်။

 


အလုပ်ဆက်လုပ်ရန် ခွင့်ပြုထား


အကယ်၍  ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသူ တွင် ကိုဗစ် -၁၉ ကူးစက်ခံရပါက ၎င်းကို ခုနစ်ရက် ကြာ  သီးခြားခွဲထား   အသွားအလာကန့်သတ်မည်ဟု ပြင်သစ်အာဏာပိုင်များက  ပြောသည်။ 

 


အသစ်ထုတ်ပြန်လိုက်သည့်    စည်းကမ်းချက် ကြောင့်  ကျန်းမာရေးကဏ္ဍတွင် တာဝန်ထမ်းဆောင် နေသူများ   ရောဂါကူးစက်ခံရပြီးနောက်    ရောဂါ လက္ခဏာမပြင်းထန်ပါက   အလုပ်ဆက်လုပ်ရန် ခွင့်ပြုပေးထားသည်။ 

 


ကိုဗစ် -၁၉ ကူးစက်ခံထားရသူနှင့်  ထိတွေ့မိ သော်လည်း   ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးပါက အသွားအလာ  ကန့်သတ်မှုခံယူရန်  မလိုအပ်ပေ။ သို့သော်လည်း  ဆေးစစ်မှုကိုမူ  ပြုလုပ်ရမည်ဖြစ် သည်။ ဂျာမနီနိုင်ငံတွင်လည်း ကိုဗစ် - ၁၉ ကူးစက်ခံ ရပြီးနောက်တစ်ပတ်အကြာတွင် ရောဂါပျောက်ကင်း ပါက အသွားအလာကန့်သတ်မှု ခံယူရန် မလိုအပ် တော့ဟု  သိရသည်။  

 


ရောဂါရှိသူနှင့်ထိတွေ့မိသူများတွင်  တတိယ အကြိမ်ကာကွယ်ဆေးထိုးထားပါက ခြွင်းချက်အနေ ဖြင့် အသွားအလာကန့်သတ်မှုခံယူရန် မလိုအပ်ဟု သိရသည်။

 


လျှော့ချခဲ့


အီတလီနိုင်ငံတွင်လည်း သီးခြားထားကန့်သတ် ထားသည့်အချိန်ကာလကို လျှော့ချခဲ့သည်။ အီတလီ နိုင်ငံတွင် တတိယအကြိမ်ကာကွယ်ဆေးထိုးပြီးပါက  ရောဂါကူးစက်ခံရလျှင်လည်း ခုနစ်ရက်သာ အသွား အလာ ကန့်သတ်ထားမည်ဟု သိရသည်။ 


အင်န်အိတ်ချ်ကေ