ပွင့်ဖြူမြို့နယ် မှရိုးကုန်းကျေးရွာ၌ မုန်းချောင်းကမ်းပါးပြိုကျမှုကြောင့် ဘုန်းတော်ကြီးကျောင်းဆောင် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရ

 

ပွင့်ဖြူ   အောက်တိုဘာ   ၂၃


မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာ အုပ်စု   မှရိုးကုန်းကျေးရွာတွင်   ယနေ့နံနက်  ၈ နာရီခွဲက        မုန်းချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့သဖြင့်     ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရ  ကြောင်း    ပွင့်ဖြူမြို့နယ်    အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။ 

 


ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာလအတွင်း  မိုးသည်းထန်စွာ  ရွာသွန်းခဲ့မှုကြောင့်  မုန်းချောင်းရေ မြင့်တက်ပြီး    ရေတိုက်စားမှုကြောင့်     ကမ်းပါး ပြိုကျမှုများဖြစ်ပွားခဲ့သည့်အတွက်   ယနေ့နံနက် ပိုင်းတွင်   မှရိုးကုန်းကျေးရွာရှိ     ဘုန်းတော်ကြီး ကျောင်းနှင့်   အလွန်နီးကပ်လာသဖြင့်  ကျေးရွာနေ ပြည်သူများက    ကမ်းပြိုကျမှုအန္တရာယ်   ကင်းဝေး စေရေးအတွက်   ဘေးလွတ်ရာသို့  ပြောင်းရွှေ့ပေးခဲ့ ရကြောင်းသိရပြီး  အဆိုပါ  ကမ်းပြိုကျမှုကြောင့်     လူနှင့်    တိရစ္ဆာန်     ထိခိုက်မှုမရှိကြောင်း   သိရ သည်။


ရဲဝင်းနိုင် (ညောင်ဦး)