
နေပြည်တော် ဒီဇင်ဘာ ၆
ဖျာပုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ငါးလုပ်ငန်းသင်တန်းကျောင်း (ဖျာပုံ)တွင် ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်း ခွင် ကျွမ်းကျင်မှုသင်တန်းကို နိုဝင်ဘာလ နောက်ဆုံးပတ်က ဖွင့်လှစ် သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးကိုကို လွင်က အမှာစကားပြောကြားသည်။ သင်တန်းတွင် VMS နှင့် ပတ်သက်သည့် ညွှန်ကြားချက်အမှတ် ၅/၂၀၂၀၊ မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်းဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ပင်လယ်ငါးဖမ်း ရေလုပ်သားများလုပ်ငန်းခွင်အတွင်းထိခိုက်မှုမရှိစေရန်အတွက် အခြေခံ လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရေး၊ ရှေးဦးသူနာပြုစုနည်း၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ခြင်းအကြောင်း သိကောင်းစရာများ စသည့် သင်ခန်းစာများကို ပို့ချပြီး သင်တန်းတွင် ဖျာပုံနှင့်ဒေးဒရဲမြို့ တို့မှ ရေလုပ်သား၂၀ တက်ရောက်ကြောင်း သိရသည်။
သတင်းစဉ်