ပင်လောင်းမြို့နယ်တွင် ငွေကျပ် သိန်း ၂၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

 

နေပြည်တော်  စက်တင်ဘာ  ၇


မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ     တပ်ဖွဲ့ဝင်များ ပါဝင်သော      ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၆ ရက် မွန်းတည့် ၁၂ နာရီက  ပင်လောင်း-နေပြည် တော်သွားကားလမ်း လိန်းလီကြိုး တံတားအနီး၌     ဇော်မျိုးသန့် မောင်းနှင်ပြီး   ဇနီး  မနီလာထွေး လိုက်ပါလာသည့်     HARRIER အမျိုးအစား  မော်တော်ယာဉ်ကို သတင်းအရ   စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်အတွင်းမှ   ဒေသ ကာလတန်ဖိုး        ငွေကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀၀၀ သိမ်းဆည်း ရမိခဲ့သဖြင့်     ၎င်းတို့အား    ဥပဒေ အရ အရေးယူထားရှိပြီး  ကွင်း ဆက်  ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး   ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။  
သတင်းစဉ်