
ပင်လောင်း မတ် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ပအိုဝ်းအမျိုး သားအဖွဲ့ချုပ်(PNO)တို့ ပူးပေါင်း ၍ ယာယီတိုက်ပွဲရှောင် ပြည်သူ များအား အခြေခံစားသောက်ကုန် များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူး ကြီး ညီညီတင်က အမှာစကား ပြောကြားပြီး(ဝဲပုံ) ရပ်မိရပ်ဖ ဦးခွန်မောင်သောင်းက ယာယီ တိုက်ပွဲရှောင် ပြည်သူများအား အားပေးစကား ပြောကြားသည်။
ယာယီတိုက်ပွဲရှောင် ပြည်သူ များအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်နှင့် ဦးခွန်လှသိန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့် ဌာနဆိုင်ရာများ၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO)၊ ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးဝင်းကို၊ ရပ်မိရပ်ဖ ဦးခွန်မောင်သောင်း၊ စန္တာခမ်း (PNO) ဗိုလ်မှူးခွန်ဂျိုးဇက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့် ဇော်ထက်တို့က အခြေခံ စားသောက်ကုန်များ ပေးအပ်ပြီး ယာယီတိုက်ပွဲရှောင် ပြည်သူများ ၏ ကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ပင်လောင်းမြို့နယ်တွင် ယာယီ တိုက်ပွဲရှောင်သည့် ပြည်သူ အိမ်ထောင်စု ၉၃၀ လူဦးရေ စုစုပေါင်း ၃၈၅၅ ဦးရှိကြောင်း၊ အဆိုပါ ယာယီတိုက်ပွဲရှောင် ပြည်သူများအတွက် အခြေခံ စားသောက်ကုန်များ ဖြစ်သည့် ဆန် ၃၅၂ အိတ်၊ ဆီ ၄၆၅ ပိဿာ၊ ကုလားပဲ ပိဿာ ၉၃၀၊ ဆား ၄၆၅ ပိဿာ စုစုပေါင်း တန်ဖိုးငွေကျပ် ၂၉၆၁၀၀၀၀ ထောက်ပံ့ပေးအပ် ခဲ့သည်။
မြို့နယ်(ပြန်/ဆက်)