ပြင်စည်မြို့ဟောင်း ခေတ်မီဈေးသစ် တည်ဆောက်မည်

 

နွားထိုးကြီး   စက်တင်ဘာ    ၃၀


မန္တလေးတိုင်းဒေသကြီး    နွားထိုးကြီးမြို့နယ်   ပြင်စည်စံပြကျေးရွာတွင်   မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏      ကြီးကြပ်မှုနှင့်     ပြင်စည်မြို့မ ခေတ်မီ  ဈေးကြီးတည်ဆောက်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်အမှု ဆောင် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးအောင်ထံက သိရသည်။


ပြင်စည်ဈေးကြီးကို   ခရိုင်ချင်းဆက်လမ်းမအနီးတွင်     ဆိုင်ခန်း ၉x၉  (၁၂၂) ခန်းနှင့် ပျံကျဈေးဆိုင်ခန်း   ၅x၅ ဆိုင်ခန်း ၁၆၀ ကို   တင်ဒါအောင်မြင်သည့်   ကုမ္ပဏီက   တာဝန်ယူတည်ဆောက်မည်ဖြစ် ကြောင်း သိရသည်။


ပြင်စည်မြို့မဈေးဆိုင်ခန်းများကို    ငါးနေရာခွဲ၍      စတင်ရောင်းချ နေပြီး    ဝယ်ယူလိုသူများ   ဆက်သွယ်လျှောက်ထားနိုင်ပြီဖြစ်သည်။ ပြင်စည်စံပြရွာမှာ  အိမ်ခြေ  ၁၀၀၀  ကျော်ရှိပြီး   မြင်းခြံ-မန္တလေး ကားလမ်းအပြင်   ရန်ကုန်- မန္တလေးအမြန်လမ်း၊   ရန်ကုန်- မန္တလေး အမှတ် ၄ လမ်းတို့  ဖြတ်သန်းသွားသည့်  ပြင်စည်မြို့ဟောင်းဖြစ်သည်။


ဌေးမြင့်မောင်