ဩဂုတ် (၂၇) ရက်ထုတ် မြန်မာ့အလင်းသတင်းစာ၏ စာမျက်နှာ ၆ တွင် ဖော်ပြပါရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေး ပညာရေးဒီဂရီကောလိပ်ရှိ နည်းပြ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအမှာစကား ပြောကြားသည့် သတင်း၌ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီးတို့က မန္တလေးပညာရေးဒီဂရီကောလိပ်စာကြည့်တိုက် အတွက် လူထုသိပ္ပံကျမ်းများ၊ သုတရသ စာအုပ်စာစောင်များ၊ သင်ထောက်ကူပစ္စည်းများကို ပေးအပ်လှူဒါန်း” အစား “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီးတို့က မန္တလေးပညာရေးဒီဂရီကောလိပ်စာကြည့်တိုက် အတွက် လူထုသိပ္ပံကျမ်းများ၊ သုတရသစာအုပ်စာစောင်များနှင့် လေ့ကျင့်ရေး အခြေခံပညာ အလယ်တန်းကျောင်းအတွက် သင်ထောက်ကူပစ္စည်းများကို ပေးအပ်လှူဒါန်း” ဟု ဖြည့်စွက်ဖတ်ရှုပါရန်နှင့် စာမျက်နှာ ၆ တွင် ဖော်ပြပါရှိသည့် ပုံညွှန်းစာ၌ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က မန္တလေး ပညာရေးဒီဂရီကောလိပ် စာကြည့်တိုက်အတွက် သင်ထောက်ကူပစ္စည်းများကို ပေးအပ်လှူဒါန်းစဉ်” အစား “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က လေ့ကျင့်ရေးအခြေခံပညာအလယ် တန်းကျောင်းအတွက် သင်ထောက်ကူပစ္စည်းများကို ပေးအပ်လှူဒါန်းစဉ်” ဟု ပြင်ဆင်ဖတ်ရှုပါရန်။