
ညောင်ဦး ဧပြီ ၁၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ- ပခုက္ကူကားလမ်းမကြီးဘေး အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းသို့ သင်္ကြန်ကာလရုံးပိတ်ရက်များတွင် ခရီးသွားဆင်ချစ်သူ များ ဝင်ရောက်လည်ပတ်မှု များပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ရှိသူများထံက သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ် လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ပလင်း ကမ်းသာယာဆင်စခန်းသို့ မြန်မာပြည် အရပ်ရပ်မှရီးသွားများသည် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူး လာရောက်ရင်း ပလင်းကမ်းသာယာ ဆင်စခန်းသို့ လာရောက်လေ့လာကြကြောင်း၊ ခရီးသွားဆင်ချစ်သူများသည် ပလင်း ကမ်းသာယာ ဆင်စခန်းဝင်းအတွင်းရှိ ဆင်ပြတိုက်၊ ကလေးကစားကွင်း၊ ဆင်များ ထားသည့်နေရာ၊ ဆင်ရေချသည့်နေရာ၊ ရှုမျှော်ခင်းကြည့်တံတား၊ Tree House၊ မြစ်ကမ်းလေးတစ်လျှောက် တည်ဆောက် ထားသည့်ခြေတံရှည်တဲများပေါ် အနားယူပြီး မြစ်ကမ်းဘေးအလှများကို ကြည့်ရှုခြင်း များနှင့် ဆင်စီးပြီး မြစ်ကမ်း ဘေးအလှများ ကို ကြည့်ရှုကြကြောင်း သိရသည်။
ပလင်းကမ်းသာယာ ဆင်စခန်းသို့ လာရောက်ကြသည့် ဆင်ချစ်သူများသည် ဆင်စာကျွေးခြင်း၊ အစားအစာများ မှာယူ စားသောက်ခြင်းများဖြင့် ပလင်း ကမ်းသာယာ ဆင်စခန်းတွင် လာရောက် လည်ပတ်သူ များပြားနေကြောင်း ဆင်စီး သူများလည်း များပြားလျက်ရှိကြောင်း သိရသည်။ ဒီပါလင်း