ပလင်းကမ်းသာယာဆင်စခန်းသို့ လာရောက်လည်ပတ်အပန်းဖြေသည့် ခရီးသွားပြည်သူ များပြား

 

ညောင်ဦး  အောက်တိုဘာ ၂၁


မန္တလေးတိုင်းဒေသကြီး ညောင်ဦး မြို့နယ် အနောက်ပုလင်းကျေးရွာ အနီးဖွင့်လှစ်ထားရှိသည့် ပလင်း ကမ်းသာယာ       ဆင်စခန်းသို့ သီတင်းကျွတ်    လပြည့်နေ့နှင့် လပြည့်ကျော်     ၁  ရက်တို့တွင် အပန်းဖြေခရီး      လာရောက် လည်ပတ်သူများနှင့်     ဆင်များ လေ့လာလိုသူ    ခရီးသွားပြည်သူ များ   လာရောက်လည်ပတ်မှုများ  လာကြောင်း ပလင်းကမ်းသာယာ ဆင်စခန်းမှ တာဝန်ရှိသူ  ဒေါ်နိုင်း နိုင်းဧရာထံမှ သိရသည်။

 


သယံဇာတနှင့်          သဘာဝ ပတ်ဝန်းကျင်    ထိန်းသိမ်းရေး ဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း က ဖွင့်လှစ်ထားရှိသည့်   ပလင်း ကမ်းသာယာ   ဆင်စခန်းသည် ညောင်ဦးမြို့နှင့် ငါးမိုင်ခန့်အကွာ၊ ညောင်ဦး-ပခုက္ကူ-မြင်းခြံ  ကား လမ်းမကြီးဘေး    ဧရာဝတီမြစ် ကမ်းဘေးတွင်     ဖွင့်လှစ်ထားရှိ ပြီး    ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုဇုန်သို့  ဘုရားဖူးလာ ခရီးသွားပြည်သူများ    ခရီးတစ် ထောက်   လာရောက်အပန်းဖြေ နားနေရာတစ်ခုလည်းဖြစ်သည်။

 


ပလင်းကမ်းသာယာဆင်စခန်း ဝင်းအတွင်း ကလေးကစားကွင်း တွင် ကလေးစီးရဟတ်၊ ဆီးဆော၊ လျှောစီးနေရာ၊   ဒန်းတို့ပါရှိပြီး ကလေးဥယျာဉ်အဖြစ်   ငယ်စဉ် ကတည်းက  သစ်ပင်၊   ပန်းပင် သစ်တောတို့ကို မြတ်နိုးတတ်စေ ရန်  ဥယျာဉ်ငယ်  ပြုလုပ်ဖန်တီး ပေးထားကြောင်း၊   ဆင်ပြတိုက် တွင်လည်း    စုံလင်စွာပြသပေး ထားပြီး   ကမ္ဘာတွင်    မြန်မာ တစ်နိုင်ငံတည်းသာ    အိမ်မွေး ဆင်အများစု    ပိုင်ဆိုင်ကြောင်း၊ အာဖရိကဆင်နှင့်       အာရှဆင် ခွဲခြားပြသထားပြီး အာရှဆင်များ သည်  အာဖရိကဆင်များထက် ခွန်အားကြီးမားပုံ၊ အာရှဆင်(ခေါ်) မြန်မာ့ဆင်များ      မြန်မာ့သစ် လုပ်ငန်းတွင်       အရေးပါခဲ့ပုံ၊ သစ်တောဝန်ထမ်းများနှင့် မြန်မာ့ သစ်လုပ်ငန်းဝန်ထမ်းများ    ဆင် များ  စောင့်ရှောက်ပုံ၊   ဆင်စွယ် အမျိုးမျိုးနှင့် ဆင်ဝန်ထမ်းအဆင့် ဆင့်နေအိမ်များကို ဆင်ပြတိုက် တွင်ပြသထားပုံနှင့် ဆင်စခန်းဝင်း ဆင်များနေထိုင်ပုံ၊      ဆင်များ သည် တစ်နေ့  သုံးချိန်ပိုင်းပါက နှစ်ချိန်သည်   အစာစားချိန်ဖြစ် ကြောင်းတို့ကို ခရီးသွား၊   အပန်း ဖြေလာ  ဆင်လေ့လာလိုသူများ သိရှိလိုသည်များကို     ဆင်စခန်း တာဝန်ရှိသူများက လိုက်လံရှင်းပြ ပေးကြောင်း၊      သီတင်းကျွတ် လပြည့်နေ့တွင် ဆင်များအတွက် ဆင်စာဘူဖေးကျွေးသူ    များပြား ခဲ့ပြီး     ဧရာဝတီမြစ်ကမ်းဘေး တွင် ဆင်စခန်းလာဆင်ချစ်သူများ အပန်းဖြေနားနေနိုင်ရန်     ခြေတံ ရှည်တဲများတွင် အပန်းဖြေသူများဖြင့်စည်းကားခဲ့ပြီး ဆင်စခန်းများ လာရောက်လေ့လာ    လည်ပတ် ခြင်းဖြင့် မြန်မာ့ဆင်များကိုယ်တိုင် ထိန်းသိမ်းရန်      အင်အားဖြစ်စေ ကြောင်းလည်း   သိရသည်။  

    
မောင်မောင်ထိန်
(ကျောက်ပန်းတောင်း)