
နေပြည်တော် ဧပြီ ၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပသော ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ယနေ့(ပဉ္စမနေ့) နိုင်ငံတစ်ဝန်းရှိ စာဖြေဌာန ၂၂၉ ဌာနတို့၌ စာဖြေစာရင်းသွင်း ၃၀၉၇၄ ပါး/ဦးအနက် ၂၅၂၁၈ ပါး/ဦး ဖြေဆိုကြသဖြင့် ၈၁ ဒသမ ၄၂ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
သတင်းစဉ်