
နေပြည်တော် မတ် ၃၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပသော ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ယနေ့ (စတုတ္ထနေ့) နိုင်ငံတစ်ဝန်းရှိ စာဖြေဌာန ၂၂၉ ဌာနတို့၌ စာဖြေစာရင်းသွင်း ၅၇၃၆၃ ပါး/ဦးအနက် ၄၅၆၅၁ ပါး/ဦး ဖြေဆိုကြသဖြင့် ၇၉ ဒသမ ၅၈ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
သတင်းစဉ်