
နေပြည်တော် မေ ၃၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ ကျင်းပ ပြီးစီးခဲ့သော ပါဠိပထမပြန်စာမေးပွဲ အောင် စာရင်းကို နယုန်လပြည့်ကျော် (၁) ရက် ဇွန် ၃ ရက် စနေနေ့၊ နံနက် ၆ နာရီတွင် လည်းကောင်း၊ အစိုးရဓမ္မာစရိယစာမေးပွဲ အောင်စာရင်းကို နယုန်လပြည့်ကျော်(၅)ရက် ဇွန် ၇ ရက် ဗုဒ္ဓဟူးနေ့၊ နံနက် ၆ နာရီတွင် လည်းကောင်း၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ Website www.mahana.org.mm ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန Website www.mora.gov.mm နှင့် သာသနာရေးဦးစီးဌာန Website www.dra.gov.mm တို့မှ ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရ သည်။
သတင်းစဉ်