
ပလက်ဝ အောက်တိုဘာ ၁၀
ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သို့ ပြေးဆွဲပေးလျက်ရှိသော သင်္ဘောခရီးစဉ်သည် တစ်ပတ်နှစ်ကြိမ် ပြေးဆွဲပေးရာမှ အောက်တိုဘာ ၄ ရက်မှစ၍ တစ်ရက်ခြား ပုံမှန်ပြေးဆွဲ ပေးလျက်ရှိသည်။
ထိုသို့ သင်္ဘောခရီးစဉ်ကို တစ်ရက်ခြားပုံမှန်ပြေးဆွဲပေးခြင်းဖြင့် အများပြည်သူ ခရီးသွားလာရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစစအရာရာ အဆင်ပြေ ချောမွေ့လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)