ပခုက္ကူမြို့ စနစ်သစ်ပုထိုးတိုက်ကျောင်း၌ ဆီမီး၊ ပန်းနှင့် ရေချမ်းပေါင်း ၃၀၀၀ ထွန်းညှိပူဇော်ဆက်ကပ်

 

ပခုက္ကူ  အောက်တိုဘာ   ၂၁


မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ စနစ်သစ်    ပုထိုးတိုက်ကျောင်း၌  ဆီမီး၊ ပန်းနှင့်    ရေချမ်းပေါင်း ၃၀၀၀ ထွန်းညှိပူဇော် ဆက်ကပ် ပွဲကို မြန်မာသက္ကရာဇ်    ၁၃၈၃ ခုနှစ်  သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ညနေ ပိုင်းတွင် ကျင်းပသည်။

 


ဆက်ကပ်လှူဒါန်း


ဆီမီးပူဇော်ပွဲတွင်    ပခုက္ကူ မြို့စာရေးဆရာမ     စိမ်းမြမြ ဦးဆောင်မှုဖြင့်   အများပြည်သူ များ လှူဒါန်းထားသည့်    ဆီမီး တစ်ထောင်၊    ပန်းတစ်ထောင်၊ ရေချမ်းတစ်ထောင်တို့ကို စနစ်သစ် ပုထိုးတိုက်ကျောင်း  ဆရာတော်၊ ရဟန်း၊  သံဃာ၊  သီလရှင်များနှင့် ကျောင်းဒါယကာ၊    ဒါယိကာမ များစုပေါင်း၍       ကျောင်းဝင်း အတွင်း “ငြိမ်းချမ်းပါစေ မြန်မာ ပြည်” စာတန်းဖန်တီးပုံဖော်ကာ ဆီမီးခုံများ၌ ထွန်းညှိပူးဇော်ခြင်း၊ ပန်းနှင့်ရေချမ်းများအား ဆက်ကပ် လှူဒါန်းခြင်းများဖြင့်     သီတင်း ကျွတ်   မီးထွန်းပွဲတော်   ကျင်းပကြသည်။

 


ကုသိုလ်ယူ


အလားတူ        ပခုက္ကူမြို့ ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင် မြတ်စွာဘုရားကြီး       ရင်ပြင် ပတ်ပတ်လည်တွင် ဆီမီး ၃၀၀၀ အား ထွန်းညှိပူဇော်ဆက်ကပ်ခြင်း၊   မြို့ပေါ်ရှိအထင်ကရ ရှေးဟောင်း သမိုင်းဝင်ဘုရား၊   စေတီ၊   ပုထိုး များတွင်      ဆီမီး၊ ပန်းနှင့် ရေချမ်း များ ထွန်းညှိပူဇော်     ဆက်ကပ် ခြင်းများဖြင့်    ကုသိုလ်ယူကြ ကြောင်း သိရသည်။

 


ပခုက္ကူမြို့နေ ဒေသခံပြည်သူ များအနေဖြင့်     သီတင်းကျွတ် မီးထွန်းပွဲတော်နှင့်အတူ     ဘုန်း တော်ကြီးကျောင်း စာသင်တိုက် များနှင့်   ဘုန်းတော်ကြီးကျောင်း များ၌ မိသားစုများ၊ သူငယ်ချင်း မိတ်ဆွေ    အပေါင်းအသင်းများ စုပေါင်းပြီး ဆွမ်းနှင့် လှူဖွယ်ဝတ္ထု များ     ဆက်ကပ်လှူဒါန်းခြင်း၊ သက်ကြီး၊ ဘိုးဘွား၊  မိဘ၊ ဆရာ သမား၊ ဆွေမျိုးများအား   ရှိခိုး ကန်တော့ခြင်းများဖြင့်  ကုသိုလ် ကောင်းမှုများ    ဆောင်ရွက်ကြကြောင်း    သိရသည်။


ဆလိုင်းကိုကီး (ပြန်/ဆက်)