ရန်ကုန် ဇွန် ၂၉
၂၀၂၀ ပြည့်နှစ်အတွက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူ စာပေဆုရသူများကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ ယခုအခါ ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆုအခမ်းအနား ကို ဇူလိုင် ၈ ရက်(သောကြာနေ့) နံနက် ၁၀ နာရီတွင် အမှတ် ၂၂၈၊ သိမ်ဖြူလမ်း၊ ရန်ကုန်မြို့ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ဗဟိုပုံနှိပ်စက်ရုံ၊ စုပေါင်းခန်းမ၌ ကျင်းပမည်ဖြစ်သည်။ သို့ဖြစ်၍ ပခုက္ကူစာပေဆုရရှိကြသူများ ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ရန် နှိုးဆော်ထားပြီး အသေးစိတ်သိရှိလိုပါက စာပေ ဗိမာန်ရုံး၊ စီမံရေးရာဌာန၊ ဖုန်း ၀၁-၃၈၁၄၄၉ သို့ ဆက်သွယ်စုံစမ်း နိုင်ကြောင်း သိရသည်။
သတင်းစဉ်



