ပါကစ္စတန်တွင် ပစ်ခတ်မှုကြောင့် ရှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ 


 

အစ္စလာမ္မာဘတ်  ဒီဇင်ဘာ   ၂၇
ပါကစ္စတန်နိုင်ငံတွင် ပစ်ခတ်မှုနှစ်ခုကြောင့် လူ ရှစ်ဦးသေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့ ကြောင်း  ဒေသတွင်းမီဒီယာများတွင် ဒီဇင်ဘာ ၂၇ ရက်က ဖော်ပြကြသည်။ 
ပါကစ္စတန် အနောက်မြောက်ပိုင်း ခိုင်ဘာ ပတ်တွန် ခဝါ ပြည်နယ် တွင်  အုပ်စုနှစ်စု ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူငါးဦးထက်မနည်းသေဆုံးခဲ့ပြီး  နှစ်ဦးဒဏ်ရာရရှိခဲ့သည်။ 
ပါကစ္စတန် တောင်ပိုင်းမြို့ ကရာချိမြို့တွင်  ပစ်ခတ်မှုကြောင့် လူသုံးဦးထက်မနည်း သေဆုံးပြီး  နှစ်ဦးမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ပစ်ခတ်ခံရသူများ ကို  ဆေးရုံများသို့ပို့ဆောင်ပေးခဲ့ပြီး  ကုသမှုများပြုလုပ်ခဲ့သည်ဟု  ကယ်ဆယ်ရေးလုပ်သား များက ပြောသည်။  ရဲများကမူ  ပစ်ခတ်မှုများကို   ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း သိရသည်။                                                                                            ဆင်ဟွာ