
အစ္စလာမ္မာဘတ် စက်တင်ဘာ ၂၉
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘလိုချီစတန်ပြည်နယ် မက်စ်တန်ခရိုင်၌ ဘာသာရေးစုဝေးရာနေရာတစ်ခုတွင် စက်တင် ဘာ ၂၉ ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခြင်းကြောင့် သေဆုံးသူ စုစုပေါင်း ၅၀ အထိတိုးလာကြောင်း ရဲတပ်ဖွဲ့နှင့် ကျန်းမာရေး အာဏာပိုင်များက ပြောကြားသည်။
ဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၅၀ ကျော် ဒဏ်ရာရရှိပြီး ဆေးရုံ ၌ ဒါဇင်နှင့်ချီ၍ ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူ အများအပြားမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိသောကြောင့် သေဆုံးသူစုစုပေါင်းမှာလည်း တိုးလာနိုင်ကြောင်း ရဲအရာရှိက ပြောကြားသည်။ အဆိုပါ ပေါက်ကွဲမှုမှာ ဘာသာရေးအဆောက်အအုံ တစ်ခုအနီးတွင် ဖြစ်ပွားခြင်းဖြစ်ပြီး အသေခံဗုံးခွဲတိုက်ခိုက်ခြင်းဖြစ် ကြောင်း ပဏာမသတင်းများနှင့် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများ အရ သိရသည်။
ဆင်ဟွာ