
အစ္စလာမ္မာဘတ် ဒီဇင်ဘာ ၂၈
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာပတ်ထွန်ခဝါပြည်နယ် ဟန်ဂူခရိုင်တွင် ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားခဲ့ရာ ကလေးသုံးဦး အပါအဝင် လူခြောက်ဦး သေဆုံးခဲ့သည်ဟု ဒီဇင်ဘာ ၂၈ တွင် ဒေသတွင်းမီဒီယာများ ၌ ဖော်ပြကြသည်။
အပူပေးသည့်ကိရိယာမှ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီး အိမ်ရှိ လူများအားလုံးမှာ အိပ်ပျော်နေသည့်အချိန်ဖြစ်ကြောင်း ကယ်ဆယ် ရေးလုပ်သားများက ပြောသည်။ နေအိမ်တစ်ခုလုံး ဓာတ်ငွေ့များနှင့် ပြည့်နှက်နေပြီး လူအသက်သေဆုံးသည်အထိ ဖြစ်စေခဲ့သည်ဟု သတင်း များတွင် ဖော်ပြထားသည်။ ဆင်ဟွာ