
အစ္စလာမ္မာဘတ် ဇန်နဝါရီ ၉
ပါကစ္စတန်နိုင်ငံမြောက်ပိုင်း အပန်းဖြေမြို့တွင် တစ်ညလုံး နှင်းမုန်တိုင်းကျရောက်ခဲ့၍ ကားများ ပိတ်မိနေပြီး လူပေါင်း ၂၂ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။
တောင်တန်းအပန်းဖြေစခန်းမြို့ဖြစ်သည့် မူရီတွင် ဇန်နဝါရီ ၇ ရက်က သောင်တင်နေသည့် မော်တော်ယာဉ်ပေါင်းထောင်နှင့်ချီ၍ရှိသည်။ ကားအိတ်ဇောပိုက်များတွင် နှင်းများဖြင့် ပိတ်ဆို့နေသည့်အတွက် ကာဗွန်မိုနောက်ဆိုက်ကြောင့် အဆိပ်သင့်ကာ လူအများအပြား သေဆုံးရခြင်းဖြစ်သည်ဟု ရဲများက ပြောသည်။
နာမည်ကြီးသည့် အပန်းဖြေစခန်းမှာ ပါကစ္စတန်မြို့တော်မြောက်ပိုင်း ၇၀ ကီလိုမီတာအကွာတွင်ရှိသည်။ အာဏာပိုင်များက သတိပေးထားမှုများ ပြုလုပ်ထားသော်လည်း ထောင်နှင့်ချီသည့်လူများသည် နှင်းဖုံးလွှမ်း သည့်ရှုခင်းကို ကြည့်ရှုလိုသည့်အတွက် စုပြုံရောက်ရှိလာကြသည်။ လူများကို ကယ်တင်မှုပြုလုပ်ရန် အတွက် အစိုးရမှတပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့သည်။ မော်တော်ကားပေါင်း ၁၀၀၀ မှာ သောင်တင်နေဆဲဖြစ်သည်။
အင်န်အိတ်ချ်ကေ