ပို့ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းများ ပါဝင်မှုမရှိစေရေး အထူးကြပ်မတ်

 

နေပြည်တော်   ဩဂုတ်   ၃၀


ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ (၃၇) ကြိမ်မြောက်  အစည်းအဝေး ကို       ယမန်နေ့     ညနေပိုင်း က     စိုက်ပျိုးရေး၊         မွေးမြူရေး နှင့်    ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး  အစည်း အဝေးခန်းမ၌ ကျင်းပရာ အစည်း အဝေးသို့  ပိုးသတ်ဆေးမှတ်ပုံတင် အဖွဲ့ဥက္ကဋ္ဌ     ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ပိုးသတ် ဆေးမှတ်ပုံတင်          အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 


 အစည်းအဝေးတွင် ပိုးသတ် ဆေး      မှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက   ပြည်ပပို့ကုန် သီးနှံများ  အထွက်နှုန်းတိုးတက် ရေးအတွက်  အထောက်အကူပြု သော သွင်းအားစု  တစ်ခုဖြစ်သည့် ပိုးသတ်ဆေးများ       သုံးစွဲရာ တွင်   အရည်အသွေးပြည့်မီပြီး အန္တရာယ်ကင်းသော ပိုးသတ်ဆေး များကို ထိရောက်စွာ အသုံးပြုနိုင် ရန်နှင့် ပို့ကုန်များတွင် ပိုးသတ် ဆေး   ဓာတ်ကြွင်းများ   ပါဝင်မှု မရှိစေရေးကို ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အနေဖြင့် အထူးကြပ်မတ် လျက်ရှိကြောင်း၊   အစားအစာ ဘေးကင်းလုံခြုံရေး၊  ကုန်သွယ်မှု အခွင့်အလမ်းများ ထိခိုက်မှု  မရှိ စေရေးတို့အတွက်   ပိုးသတ်ဆေး အမျိုးအစား တစ်မျိုးချင်းစီအပေါ် တွင်  ရှုထောင့်မျိုးစုံမှ  ပြန်လည် သုံးသပ်ပြီး  ပိုးသတ်ဆေးဓာတ် ကြွင်းများ  ကင်းစင်ရေးအလေး ထား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 


ထို့နောက် ပိုးသတ်ဆေးမှတ်ပုံ တင်အဖွဲ့          အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ ရဲတင့်ထွန်းက (၃၇) ကြိမ်မြောက် ပိုးသတ်ဆေး   မှတ်ပုံတင်အဖွဲ့ အစည်းအဝေးတွင် စိစစ်ဆွေးနွေး ရမည့်  လုပ်ငန်းများကို  တင်ပြရာ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့က အကြောင်းအရာ  တစ်ခုချင်းအပေါ် ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

 


ပိုးသတ်ဆေးဥပဒေပုဒ်မ(၁၂)အရ  နည်းပညာကော်မတီဝင်များ သည်   ပိုးသတ်ဆေး  မှတ်ပုံတင် အဖွဲ့၏လုပ်ငန်းများကို အထောက် အကူပြုနိုင်ရန်          လိုအပ်သည့် သတင်း  အချက်အလက်များကို ပြုစုတင်ပြခြင်း၊        စိစစ်သုံးသပ် အကြံပြုချက်များကို   ဆောင်ရွက် ပြီး   ပိုးသတ်ဆေး   ဥပဒေအခန်း (၃) အရ  ပိုးသတ်ဆေး  မှတ်ပုံတင် အဖွဲ့က  ပိုးသတ်ဆေး  မှတ်ပုံတင်  လျှောက်ထား တင်ပြလာခြင်းများ  မှတ်ပုံတင်        ခွင့်ပြုပေးနိုင်ရန်    ဆုံးဖြတ်     အတည်ပြုပေးခြင်း၊ အဆိပ်ရှိပစ္စည်းနှင့်   စပ်လျဉ်း၍      တင်ပြရန်        လိုအပ်သော အထောက်အထားအချက်အလက်  များကို      သတ်မှတ်ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာ အကြံပြုချက် များအပေါ်   အခြေပြု၍   လူနှင့် ပတ်ဝန်းကျင်ကို       အန္တရာယ် မြင့်မားစေသော ပိုးသတ်ဆေးများ ကို သုံးစွဲရန်  ပိတ်ပင်တားဆီးခြင်း၊ ပိုးသတ်ဆေးများကို  စနစ်တကျ ကိုင်တွယ်သုံးစွဲ စွန့်ပစ်ခြင်းဆိုင်ရာ များနှင့်     ပတ်သက်၍ သဘာဝ           ပတ်ဝန်းကျင်ကို   အန္တရာယ်မရှိ စေရန်    လိုအပ်သည့်   အမိန့်၊     သတ်မှတ်ချက်များ၊   ညွှန်ကြား ချက်များကိုအခါ   အားလျော်စွာ ထုတ်ပြန်လျက်ရှိသည်။

 


ယခုကျင်းပသည့် (၃၇) ကြိမ် မြောက်  ပိုးသတ်ဆေးမှတ်ပုံတင် အဖွဲ့  အစည်းအဝေးတွင် ပိုးသတ် ဆေးနည်းပညာ  ကော်မတီဝင် များမှ  စိစစ်ပြီးတင်ပြလာသော ပိုးသတ်ဆေးအမျိုး ပေါင်း ၈၆ မျိုး အတည်ပြုပေးနိုင်ရေး         စိစစ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်