ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အတာသင်္ကြန်ရေကစားမဏ္ဍပ်တွင် ပျော်ရွှင်စွာ လာရောက်ရေကစားကြသူများဖြင့် စည်ကား

 

နေပြည်တော်   ဧပြီ   ၁၄


ယနေ့ကျရောက်သည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကျနေ့တွင် ပို့ဆောင် ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီးဌာန     မြန်မာ့မီးရထား    နေပြည်တော်        ဘူတာကြီးဝင်းအတွင်းရှိ  မြန်မာ့ရိုးရာ အတာသင်္ကြန်  ရေကစားမဏ္ဍပ် သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများမှ  ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊    ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အကြီးအကဲများနှင့်ဇနီးများ၊ တာဝန်ရှိသူများ၊   ဝန်ထမ်း များ၊ ဝန်ထမ်းမိသားစုများနှင့်  နေပြည်တော်နယ်မြေအတွင်းရှိ  ပြည်သူ များ  လာရောက်၍    ယဉ်ကျေးပျော်ရွှင်စွာဖြင့်   ရေကစားလျက်ရှိပြီး   ကျန်းမာရေးဝန်ကြီးဌာန၊  နေပြည်တော်ကောင်စီ၊  ကာကွယ်ရေးဦးစီး ချုပ်ရုံး (ရေ) နှင့်    ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနများမှ   ယိမ်းအဖွဲ့များနှင့်    အနုပညာရှင်များက    ဖျော်ဖြေခဲ့ကြကြောင်းနှင့် ရေကစားမဏ္ဍပ်အား နေ့စဉ်နံနက် ၈ နာရီခွဲမှ ၁၁ နာရီခွဲအထိနှင့် မွန်းလွဲ  ၃ နာရီ မှ ညနေ ၆ နာရီခွဲအထိ  ဖွင့်လှစ်ထားရှိကြောင်း သိရသည်။  

သတင်းစဉ်