
ဖြူး ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် တွင် (၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့ အကြို အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်ကလေး သူငယ်များ လွတ်လပ်ရေးနေ့ကို အစဉ်အမြဲ မမေ့အပ်စေရေးနှင့် အားကစား ပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်စေရေးအတွက် ရည်ရွယ် ကာ ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီမှစတင်ကာ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး လူထု အခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ ဖြူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်း များက ဖြူးမြို့ပေါ်ရှိ အလကခွဲ ကျောင်းများမှ အလယ်တန်း အဆင့် ကျောင်းသား ကျောင်းသူ များအား ဇွန်းအတွင်း ပင်ပေါင်သီး ထည့်၍ ဇွန်းကိုက် လမ်းလျှောက် ကစားနည်း၊ ပင်ပေါင်သီးခြင်း အတွင်း အလုံးရေအများဆုံး ပစ်ထည့်သည့် ကစားနည်း၊ ဖားခုန်ကစားနည်းတို့ကို တစ်ဦး ချင်းနှင့် အတွဲလိုက် ယှဉ်ပြိုင် စေကာ ဆုများချီးမြှင့်ပေးပြီး လာရောက် ယှဉ်ပြိုင်ကြသည့် ကျောင်းသား ကျောင်းသူ တစ်ယောက်ချင်းစီတိုင်းကို စာအုပ် နှင့် စာရေးကိရိယာများ၊ အာဟာရ ပြည့် မုန့်ပဲသွားရည်စာများ လက်ဆောင်ပေးခဲ့ကြောင်း သိရ သည်။
နေမျိုးလွင်(ပြန်/ဆက်)