
တိုကျို ဇွန် ၂၆
ဖူဂျီတောင် မီးတောင်ဝတွင် တွေ့ရှိရသည့် လူသုံးဦးမှာ အသက်ရှင်သည့် လက္ခဏာမပြ ဘဲ သေဆုံးနေပြီဟု ဂျပန် ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ တိုကျိုဒေသခံ တစ်ဦးထံမှ အကြောင်းကြားမှုကို ဇွန်၂၃ ရက် တွင် ရဲအရာရှိများက လက်ခံရရှိ ခဲ့သည်။ တာဝန်ရှိသူများထံ အကြောင်းကြားခဲ့သည့် အမျိုး သမီးက ၎င်း၏ အသက် ၅၃ နှစ် အရွယ် အမျိုးသားမှာ ဂျပန်နိုင်ငံ ၏ အမြင့်ဆုံးတောင်သို့ တက်ရန် ထွက်ခွာသွားပြီးနောက် အဆက် အသွယ် ပြတ်တောက်နေကြောင်း အကြောင်းကြားခဲ့သည်။
အဆိုပါ အမျိုးသားသည် ဇွန် ၂၁ ရက်ကတည်းက နေအိမ်မှ ထွက်ခွာခဲ့ပြီး နောက်တစ်နေ့တွင် နေအိမ်သို့ ပြန်ရောက်ရမည်ဖြစ် သည်။ ဇွန် ၂၂ ရက် နံနက်ပိုင်းက တောင်ထိပ်တွင် ရိုက်ထားသည့် ဓာတ်ပုံကို မိသားစုထံပို့ပေးပြီး နောက် အဆိုပါ အမျိုးသားနှင့် လုံးဝ အဆက်အသွယ်ပြတ် တောက်သွားခဲ့သည်။ ပျောက်ဆုံး နေသည့် အမျိုးသားကို ရဲများက ရှာဖွေနေစဉ် ရှီဇူအိုကာခရိုင်ဘက် ခြမ်းရှိ တောင်ထိပ်တွင် လူသုံးဦး ကို သေဆုံးနေသည့် အနေအထား ဖြင့် တွေ့ရှိခဲ့သည်။
အဆိုပါသုံးဦးမှာ တောင်တက် သမားများဖြစ်ဟန်ရှိပြီး မတူညီ သည့် နေရာများတွင် သီးခြားစီ သေဆုံးနေကြခြင်း ဖြစ်သည်။ ရဲများက ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များကို ရှာဖွေ နေပြီး မည်သို့သေဆုံးရသည်ကို လည်း စုံစမ်းနေကြသည်။ ဖူဂျီ တောင်တက်လမ်းကို လောလော ဆယ် ပိတ်ထားသော်လည်း လူအချို့က တောင်တက်ရန် ကြိုးစားနေကြဆဲဖြစ်သည်။
တောင်ထိပ်အနီး အပူချိန်ကျ ဆင်းနေပြီး ဆီးနှင်းများ ထူထပ် နေသည်။ လွန်ခဲ့သည့်နှစ် ဇူလိုင် ၁၀ ရက်မှ စက်တင်ဘာ ၁၀ ရက် အတွင်း ရှီဇူအိုကာခရိုင်ဘက်ခြမ်း မှ တောင်တက်သည့်သူများ အပါ အဝင် မတော်တဆမှုပေါင်း ၆၃ ခု ဖြစ်ပွားခဲ့သည်။ အဆိုပါ ပမာဏ မှာ ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀ ရာခိုင်နှုန်း တိုးလာခြင်းဖြစ် သည်။ အင်န်အိတ်ချ်ကေ