
အစိုးရအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ကွာဟချက်များကို အတတ်နိုင်ဆုံး လျှော့ချနိုင်အောင် ကြိုးစားလျက်ရှိ ကြောင်း၊ အထူးသဖြင့် ကျေးရွာများ၏ လူနေမှုအဆင့်အတန်းများ မြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများ၏ အခြေခံသည် ကျေးလက်ဒေသများဖြစ်သည့်အတွက် ဖွံ့ဖြိုးမှု၏ အရင်းအမြစ်သည် ကျေးလက်ဒေသများသာ ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် တရားဥပဒေစိုးမိုးမှုရှိပြီး နိုင်ငံရေး နှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှု ရှိလာမည်ဖြစ်ကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၀-၈-၂၀၂၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)၌ ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)