ဖမ်းဆီးခံထားရသည့် ဖိလစ်ပိုင်ဓားစာခံ လေးဦးအနက် တစ်ဦးကို အီရန်ပြန်လွှတ်ပေး

မနီလာ  မေ  ၁၀
လွန်ခဲ့သောလအတွင်း    ဖမ်းဆီး ခံထားရသည့် ဖိလစ်ပိုင်ဓားစာခံ လေးဦးအနက်   တစ်ဦးကို အီရန် တပ်ဖွဲ့က    ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း     ဖိလစ်ပိုင်နိုင်ငံခြား ရေး       ကိစ္စရပ်များဆိုင်ရာဌာန (ဒီအက်ဖ်အေ) က မေ ၁၀ ရက်တွင် ကြေညာခဲ့သည်။  အဆိုပါသတင်း ကောင်းကို    ဖိလစ်ပိုင်နိုင်ငံက ကြိုဆိုကြောင်း၊   မေ   ၁၀  ရက် နှောင်းပိုင်းတွင်    ပြန်လည်လွတ် မြောက်လာသည့် သင်္ဘောသားမှာ မနီလာမြို့သို့     ရောက်ရှိမည်ဟု    ဖိလစ်ပိုင်   နိုင်ငံခြားရေး   ကိစ္စရပ် များဆိုင်ရာ ဌာနက ပြောသည်။
အီရန်၏အပြုအမူကို ကျေးဇူး တင်ကြောင်း  ပြောကြားခဲ့သော် လည်း        အသေးစိတ်အချက် အလက်များကိုမူ      ဖော်ပြခဲ့ခြင်း မရှိချေ။      ဖိလစ်ပိုင်အစိုးရသည် ကျန်ဓားစာခံ     သုံးဦး      ပြန်လည် လွတ်မြောက်လာရေးနှင့်      နေရပ် ပြန်လာနိုင်ရေးအတွက်  ကြိုးပမ်း လျက်ရှိကြောင်း ဒီအက်ဖ်အေက ပြောသည်။ 
ကျန်ဓားစာခံသုံးဦးမှာ  အမြန် ဆုံး လွတ်မြောက်လာပြီး မိသားစု နှင့်  နေအိမ်ပြန်နိုင်မည်ဟု မျှော် လင့်ကြောင်းလည်း   ဒီအက်ဖ်အေ က ဆက်လက်ပြောကြားခဲ့သည်။ အဆိုပါ   သင်္ဘောသားလေးဦးမှာ ဧပြီ    ၁၃   ရက်က    ဟော်မုဇ်ရေ လက်ကြားကိုဖြတ်သန်းစဉ် အီရန် တပ်ဖွဲ့၏     ဖမ်းဆီးခြင်းခံရသည့် ကုန်တင်သင်္ဘောပေါ်မှ     သင်္ဘော သားများ ဖြစ်ကြသည်။  
ဆင်ဟွာ